PDRF

လျှပ်စစ်ကေဘယ်လ်ကြိုး ခိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိ

လျှပ်စစ်ကေဘယ်လ်ကြိုး ခိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများမှ လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေသည့် စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း Budalin Mobile Team (BMT) က ယနေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ်ပြန်ထားသည်။ ယခုလ နိုဝင်ဘာ (၆) ရက်က စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင် (၂) ဦးသည် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဘုတလင်မြို့ ဗန္ဓုလတိုးချဲ့ကွက်သစ်အတွင်း လျှပ်စစ်ကေဘယ်လ်ကြိုးများကို ဖြတ်တောက်ခိုးယူနေချိန် BMT တပ်ဖွဲ့နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ အရပ်သားအသွင်ယူဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (more…)
Read More