Category: ဆောင်းပါး

  • ဒုတိယဖက်ဆစ်တော်လှန်ရေး၊ အာတူးပီ (R2P) နှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

    ဒုတိယဖက်ဆစ်တော်လှန်ရေး၊ အာတူးပီ (R2P) နှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ

    ဟိုးအဝေးကြီးက နိုင်ငံတကာတပ်တွေကို အာတူးပီ ဆိုပြီး မျှော်လင့်တောင်းဆိုနေမယ့် အစား၊ ကျနော်တို့ နိုင်ငံထဲမှာပဲ ပြည်သူတွေနဲ့ အနီးဆုံးရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို အာတူးပီ မူဝါဒနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ဖို့ ပိုပြီး တောင်းဆိုသင့်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဖွဲ့စည်းတည်ထောင်ကြတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်က တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ မြန်မာစစ်တပ်နဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တော်လှန်ဖို့လို့ ဆိုကြတယ် မဟုတ်လား

    အောင်ဒင်

    (၁) လွန်ခဲ့တဲ့ ၇၆ နှစ်၊ ၁၉၄၅ ခုနှစ်၊ မတ်လမှာ မြန်မာပြည်သူတွေက မြန်မာနိုင်ငံကို အနိုင်ကျင့်အုပ်ချုပ်နေတဲ့ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်ရေးမှာ မြန်မာပြည်သူများနဲ့အတူ ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်ကတော့ မူလတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ စတဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူလူထုအကျိုးစီးပွါးကို အကာအကွယ်ပေးတဲ့ တပ်မတော်အဖြစ်ကနေ စစ်အာဏာရှင်များရဲ့ အာဏာတည်မြဲရေးကို အထောက်အကူပြုတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့များအဖြစ် အသွင်ကူး ပြောင်းခဲ့ပါတယ်။ အခု နောက်ဆုံး မင်းအောင် လှိုင် လက်ထက်မှာတော့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်သူများကို အကြမ်းဖက်၊ သတ်ဖြတ်၊ နှိပ်စက်နေတဲ့ ဖက်ဆစ်တပ်ဖွဲ့ကြီးအဖြစ် အဆိုးဝါးဆုံး ပြောင်းလဲ သွားခဲ့ပါပြီ။ ပထမအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးအပြီး ၇၆ နှစ်အကြာ၊ ၂၀၂၁ ခုနှစ်မှာ မြန်မာပြည်သူများဟာ နွေဦးတော်လှန်ရေးအမည်နဲ့ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးကို ရဲရဲတောက် ဆင်နွှဲနေကြပါပြီ။

    (၂) ဒီတစ်ကြိမ်မှာလည်း မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်တွေကို မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားပြည်သူများအားလုံးက ညီညီညွတ်ညွတ် ဆန့်ကျင်တော်လှန်နေကြတာပါ။ မြစ်ကြီးနားအစ၊ ရန်ကုန်အလယ်၊ ကော့သောင်းအဆုံး မြို့ပေါင်းစုံ၊ ရွာပေါင်းစုံ၊ မြေပြန့်ကနေ တောင်တန်းတွေအထိ ဒေသပေါင်းစုံ၊ အစိုးရဋ္ဌာနများမှ ပုဂ္ဂလိက လုပ်ငန်းများအထိ လုပ်ငန်းပေါင်းစုံ၊ ဂျင်နရေးရှင်း ဇီ (Generation Z) လို့ ခေါ်ကြတဲ့ မျိုးဆက်သစ် လူငယ်လေးများက စလို့ ကျနော်တို့လို မျိုးဆက်ဟောင်းကြီးများအထိ မျိုးဆက်ပေါင်းစုံ၊ ပြီးတော့ ဗမာကစလို့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း၊ ပအို့၊ တအောင်းပလောင်၊ အင်းသား၊ ဝ၊ စသည်ဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒီ ဒုတိယအကြိမ် ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပါဝင်ဆင်နွှဲနေကြတာပါ။

    (more…)

  • ခတ်ကွင်းပြင်ရင်း ပြင်ရင်း “ရွာသစ်ကြီး”ရောက်‌တော့မယ့် CRPH

    ခတ်ကွင်းပြင်ရင်း ပြင်ရင်း “ရွာသစ်ကြီး”ရောက်‌တော့မယ့် CRPH

    ဧပြီလ ပထမအပတ်မှာ ” အမျိုးသားညီညွတ်ရေးအစိုးရ”ဖွဲ့မယ်လို့ ကြေညာထားတဲ့ CRPH အနေနဲ့ အခုအချိန်ထိ(ဧပြီ ၈ရက်) အမျိုးသားညီညွတ်ရေးအစိုးရကို မကြေညာနိုင်သေးတာကို တွေ့ရပါတယ်ခင်ဗျား။

    တပတ်ထက်ပိုနောက်ကျရုံနဲ့ အပြစ်ပြောလို့ရမလားလို့ စောဒကတက်ရင် ကျနော်ရှင်းပြပါမယ်။ခု ဧပြီလမှာ တပတ်နောက်ကျတာကို ကြည့်လို့မရပါဘူး။မင်းအောင်လှိုင် အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ တစ်ရက်နေ့ကစရင် နှစ်လကျော်နောက်ကျနေပါပြီ။

    စစ်တပ်က အာဏာသိမ်းပြီဆိုတာနဲ့ စစ်အုပ်စုကို တော်လှန်မယ့်အင်အားစုတွေအကုန်လုံး ရတန်သလောက် ချိတ်ဆက်မိဖို့ ကြိုးစားကြရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ရန်သူကလည်း သိပါတယ်။ကိုယ့်အချင်းချင်း ချိတ်မိပြီးတာနဲ့ NUCC လို အလားတူ ပြည်ထောင်စုအဆင့်ကော်မတီတရပ်ကို အလျင်အမြန်ဖွဲ့ဖို့လိုပါတယ်။ဒီနေရာမှာ မူချင်းတူဖို့တော့လိုအပ်ပါလိမ့်မယ်။မူမတူရင် ပေါင်းလည်း ခဏပဲ၊မကြာခင် ပြန်ကွဲတတ်ကြလို့ လူမျိုးစုတွေနဲ့ ကျန်တဲ့ဒီမိုကရက်အင်အားစုတွေက CRPH ကို မူအရင်ညှိနှိုင်းဖို့ တိုက်တွန်းကြပုံရပါတယ်။

    ဒီအခါမှာလည်း “၂၀၀၈ ဖွဲ့စည်းပုံလုံးဝဖျက်သိမ်းရေး”မူကို CRPH က တော်တော်နဲ့ လက်မခံလို့ အချိန်ကြာနေရတာပါ။၂၀၀၈ခြေဥဖျက်သိမ်းရေးကို ရှေ့နှစ်လက ဘာလို့ မထုတ်ပြန်တာလဲဆိုတာ အစပြန်ကောက်ရရင် “ခြေဥကိုဖျက်လိုက်တာနဲ့ ၂၀၂၀ရွေးကောက်ပွဲရလာဒ်ကို မေးခွန်းထုတ်စရာဖြစ်လာမှာစိုးလို့”ဆိုတဲ့ CRPH ရဲ့ စိုးရိမ်စိတ်ကြောင့် တွန့်ဆုတ်နေတာဖြစ်ပါတယ်။ဆိုတော့ကာ CRPH ဟာ ရွေးကောက်ပွဲရလာဒ်ပျက်ပြယ်သွားမှာကို အတော်လေး ကြောက်ရွံ့နေပုံရပါတယ်။လူထုထောက်ခံမှုဆိုတာ ရွေးကောက်ပွဲရလာဒ်တခုတည်းနဲ့ တိုင်းတာလို့မရဘူးဆိုတဲ့ သာမန်နိုင်ငံရေးအသိလောက်ကို သူတို့ဆီမှာ ခေါင်းပါးနေတာကို စိတ်မကောင်းဖွယ်တွေ့ရှိရပါတယ်။

    နောက်တချက် CRPH အနေနဲ့ ထပ်ပြီးစိုးရိမ်နေတာက အရင် NLD အစိုးရဟောင်းရဲ့သက်တမ်း တရားဝင်ကုန်ဆုံးမယ့် မတ်လ ၃၁ရက်မတိုင်ခင်မှာ အစိုးရသစ်ထပ်မဖွဲ့သင့်ဘူးလို့ ထင်မြင်ယူဆ ကြောင့်ကြနေတာကြောင့်ဖြစ်တယ်။ဒီအချက်ကလည်း လုံးဝမှားယွင်းပြီး ရှေ့နောက်မညီတဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

    ထောက်ပြလိုတာက-(၁)NLD အစိုးရဟောင်းဆီက အာဏာကို စစ်အုပ်စုက အတင်းအဓမ္မလုယူသိမ်းပိုက်လိုက်တာဖြစ်လို့ ကိုယ့်ဘက်က အစိုးရသစ်တရပ် ချက်ချင်းအစားထိုးတာ တရားမျှတပါတယ်။

    (၂)၂၀၀၈ခြေဥက သတ်မှတ်ထားတဲ့ သက်တမ်းတွေ၊ရက်အကန့်အသတ်တွေကို မကျော်လွှားနိုင်ပဲ အတိအကျနာခံနေတာ စစ်အုပ်စုအလိုကျလုပ်တာပဲ။

    (၃)ကြားမှာ ယာယီအစိုးရဖွဲ့ပြီး CRPH အမတ်တချို့ ဝန်ကြီးတက်လုပ်တာတို့၊၈၈မျိုးဆက်ထဲက ခေါင်းဆောင်တချို့အပါအဝင် ကက်ဘိနက်အစည်းအဝေးခေါ်တာတို့လုပ်တာဟာ အမျိုးသားညီညွတ်ရေးအစိုးရအဆင့်ကိုမရောက်ဘဲ ကိုယ့်စိတ်ကြိုက်အစိုးရကိုယ်ထည်ကို အရင်တည်ဆောက်ပြီး မဟာမိတ်တွေအပေါ် လက်ဦးမှုယူတာဖြစ်တယ်။

    အထက်ပါလုပ်ရပ်နဲ့ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရရင် CRPH ဟာ ရဲရဲတင်းတင်း မဆုံးဖြတ်ရဲတာနဲ့ မဟာမိတ်တွေအပေါ် ပြတ်ပြတ်သားသား မယုံကြည်ရဲတာတွေကို တွေ့ရပါတယ်။အစပိုင်းမှာ ၂၀၀၈ခြေဥကို နောက်မြီးဆွဲရင်း ၂၀၂၀ရွေးကောက်ပွဲရလာဒ်ကို အသေဆုပ်ကိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှ လူမျိုးစုပါတီတွေနဲ့ လူမျိုးစုလက်နက်ကိုင်အင်အားတွေရဲ့ တိုက်တွန်းချက်အရရော၊ အထွေထွေသပိတ်ကော်မတီတွေရဲ့ ပြတ်သားတဲ့ ရပ်ခံချက်အရပါ “၂၀၀၈ ‌ခြေဥဖျက်သိမ်းရေး”ကို စဉ်းစားလာတာဖြစ်တယ်။

    ဒီလိုစဉ်းစားတဲ့အခါမှာလည်း တိကျတဲ့ညှိနှိုင်းမှုတွေလုပ်တာထက် သူတို့အဆင့်နေရာ အသာစီးယူရေးကို ပိုဦးစားပေးနေတာ ထင်ရှားပါတယ်။ထင်ရှားတဲ့သက်သေကတော့ ဖက်ဒရယ်ပြည်ထောင်စုပဋိညာဉ် အစိတ်အပိုင်း (၂)ကိုသာ သေချာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ဗမာတွေအများစုနေထိုင်တဲ့ တိုင်းတွေကို အခြေခံပြီး များပြားလှတဲ့ မြို့နယ်တွေမှာ အနိုင်ရထားပြီးဖြစ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို တယောက်မကျန် ရယူထားချင်တာက တဖက်မှာ မမျှတဘဲ လူမျိုးစုများအတွက် တန်းတူရေးကင်းမဲ့နေစေပါတယ်။

    တော်လှန်ရေးအကျိုးစီးပွားကိုလည်း ထိခိုက်စေပါတယ်။လူမျိုးစုတွေအတွက် de facto အရ အာဏာကျင့်သုံးခွင့်ကို လုံးဝပိတ်ပင်ထားတဲ့ ၂၀၀၈ ခြေဥအပေါ်မှာ အထိုင်ချစဉ်းစားပြီး ပဋိညာဉ်ရေးဆွဲထားသလို ဖြစ်နေတဲ့အတွက် ဒီအခင်းအကျင်းဟာ တော်လှန်ရေးအစိုးရတရပ်ပေါ်ပေါက်လာဖို့ အနှောင့်အယှက်တခုလို ဖြစ်နေစေပါတယ်။ကျနော့်အနေနဲ့ ဝေဖန်အကြံပြုလိုတာက အမျိုးသားညီညွတ်ရေးအစိုးရတရပ် အမြန်ဆုံးကြေညာဖို့ပဲဖြစ်ပါတယ်။

    အဲ့ဒီလို ကြေညာတဲ့နေရာမှာ-(၁)စစ်အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်တဲ့သဘောတရားကို ဆုပ်ကိုင်ပြီးဖွဲ့စည်းရမှာဖြစ်တယ်။ ရန်သူကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အင်အားစုတွေနဲ့ စုစည်းတည်ဆောက်ရမယ်လို့ ပြောချင်တာဖြစ်တယ်။

    (၂)တော်လှန်တဲ့အတွေးအခေါ်ကို ကိုင်ပြီဆိုကတည်းက ရန်သူကို လက်ဦးမှုရှိရှိ တော်လှန်ဖို့ အချိန်ဆိုင်းတာ၊ အချိန်ဆွဲတာ၊နှောင့်နှေးကြန့်ကြာတာ၊တွေဝေတွန့်ဆုတ်တာစတဲ့လက္ခဏာတွေ မဆောင်ရဘူး။ရဲရဲတင်းတင်း ပြတ်ပြတ်သားသားဖွဲ့ရမယ်။

    (၃)မဟာမိတ်တွေအားလုံးကို ရသလောက်ကျယ်ကျယ်ပြန့်ပြန့်စုစည်းပြီး ပါဝင်စေရမယ်။ကိုယ့်အတွက် နေရာများများ စဉ်းစားလေလေ မဟာမိတ်နည်းလေလေပဲဖြစ်တယ်ဆိုတဲ့ သဘောတရားကို နားလည်ရမယ်။

    (၄)တော်လှန်ရေးအစိုးရဖွဲ့တယ်ဆိုတာ ဗျူရိုကရက်တွေ စဉ်းစားသလို အာဏာကျင့်သုံးဖို့ သက်သက်စဉ်းစားရမှာမဟုတ်ဘူး။စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ ပြည်သူကို ဦးဆောင်မှုကောင်းကောင်းပေးရမယ်။ ပြည်သူက ရှေ့ရောက်ပြီး အစိုးရက နောက်မြီးဆွဲလုပ်နေရင် အစိုးရကောင်းတရပ်မဟုတ်ဘူး။လူထုကြားမှာ အခြေစိုက်တဲ့ နိုင်ငံရေးသမားတွေကို အမျိုးသားညွှန့်ပေါင်းအစိုးရက တာဝန်အပြည့်အဝပေးပြီး တော်လှန်ရေးလုပ်ရမယ်။ရှောင်နေတိမ်းနေရတဲ့သူတွေထက် လူထုကြားမှာ လျှိုပြီး အလုပ်လုပ်ရမယ့်လူတွေကို များများစည်းရုံးထားဖို့လိုမယ်။

    အပေါ်က လေးချက်ဟာ အမျိုးသားညွှန့်ပေါင်းအစိုးရ(သို့)အမျိုးသားညီညွတ်ရေးအစိုးရအတွက် တည်ဆောက်ရေးလမ်းညွှန်လေးရပ်ဖြစ်တယ်။ဒီလမ်းညွှန်လေးရပ်ကို CRPH အနေနဲ့ မဟာမိတ်ဆက်ဆံရေးကို ထောက်ပြီး ထည့်သွင်းစဉ်းစားခြင်းပြုမယ်ဆိုရင် ပြည်သူလူထုအတွက် ကောင်းမွန်တဲ့အလှည့်အပြောင်း ပေါ်လာမှာဖြစ်ပြီး ထည့်မစဉ်းစားဘဲ ပေလယျကံပြုမယ်ဆိုရင်တော့ CRPH ဟာ ခတ်ကွင်းပြင်ရင်း ပြင်ရင်းနဲ့ ရွာသစ်ကြီးရောက်တော့မယ့်အခြေကို ဆိုက်တော့မှာဖြစ်ကြောင်း သတိပေးလိုပါတယ်ခင်ဗျား။

    တိုက်တိုင်းအောင် (ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးပြည်သူ့ကော်မတီဝင်)

  • မိခင်အတွက် ကျန်မျက်လုံးတစ်ဖက် အမြန်ဆုံး ပြန်မြင်ချင်နေတဲ့ သူရဲကောင်း မင်းသူရ

    မိခင်အတွက် ကျန်မျက်လုံးတစ်ဖက် အမြန်ဆုံး ပြန်မြင်ချင်နေတဲ့ သူရဲကောင်း မင်းသူရ

    “ကျွန်တော့် ကျန်မျက်လုံးတစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော် အမေ့အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ”

    ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းမှာ စစ်သားနှင့် ရဲများက အင်အားသုံးဖြိုခွင်းခဲ့သည့် ဖြစ်စဥ်တွင် ကျည်ထိမှန်၍ ဘယ်ဘက်မျက်လုံးတစ်ဖက် ကျွတ်ထွက်ခဲ့ပြီး ကျန်ညာဘက်မျက်လုံးတစ်ဖက်ကိုလည်း ဆေးကုသမှုများ ပြုလုပ်နေရသည့် မောင်မင်းသူရက နှလုံးရောဂါသည် မိခင်ကြီးအတွက် ကျန်မျက်လုံးတစ်ဖက်ကို အမြန်ဆုံး ပြန်မြင်ချင်နေသည့် သူ့ဆန္ဒကို ဆိုသည်။

    ရန်ကုန်မြို့တွင် စစ်သားနှင့် ရဲများက အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မတ်လ ၃ ရက် ဖြစ်စဥ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းမှ လူငယ်များစွာ အထိအခိုက် များခဲ့သည်။ ထို့နေ့ ပစ်ခတ်မှုများကြောင့် မောင်မင်းသူရမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့်အပြင် သူငယ်ချင်းနှစ်ယောက်၏ အသက်ကိုလည်း မကယ်တင်နိုင်ခဲ့သည်ကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် ဆိုသည်။

    “ဖိုးချစ်ကို ထိသွားတော့ ကျွန်တော်က ပြေးတက်သွားတာ။ အဲ့မှာ မျက်လုံးကပူခနဲ့ဖြစ်သွားတယ်။ ကျည်ထိသွားပြီးဆိုတာ သိလိုက်ရတယ်။ လက်နဲ့ ပွတ်ပြီးဆွဲလိုက်တာ သွေးတွေနဲ့ အမျှင်တွေ ထွက်လာတယ်။ ဘာမှမမြင်ရတော့ အနောက်ကို ပြန်လှည့်ပြေးချိန် ဇွဲထက်စိုးက ကာဗာလုပ်ပြီး လာခေါ်တယ်။ အဲ့အချိန်မှာပဲ ငါ့ကို ထိသွားပြီး မင်းပြေးတော့ဆိုတဲ့ အသံကြားလိုက်ရပြီး သူကျန်ခဲ့တယ်။ ကျွန်တော်လည်း ဘာမှမမြင်ရတော့ ပြန်လှည့်မဆွဲနိုင်ခဲ့ဘူး” ဟု စိတ်မကောင်းစွာဖြင့် ထိုနေ့က အဖြစ်အပျက်ကို ပြောသည်။

    (more…)

  • နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ၄၀ ကျော်ရှိနေတဲ့ တောင်ဒဂုံက အုပ်ချုပ်ရေးမှူးကို ဘယ်လိုတွေလက်ခံနေလဲ

    တောင်ဒဂုံ ခံတပ်တွေဟာ ပြိုကြသွားတယ်၊ သူရဲကောင်းတွေ ကျဆုံးသွားတယ်၊ အာဏာရှင်လက်အောက် ပြားပြားဝပ်လိုသူတွေရှိနေတယ်၊ အဲသလိုရပ်ကွက် ကျေးရွာတွေများနေရင် ဒီနွေဦးတော်လှန်ရေး အောင်နိုင်ရေးမှာ အဟန့်အတားတွေတော့ ဖြစ်နေမှာ အသေအချာပါ

    သစ္စာနိုင်

    ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံဟာ ကမ္ဘာကျော်ခဲ့ပြီ၊ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကြားမှာ လူးလှိမ့်နေအောင်ခံ ခဲ့ရတယ်၊ ပြည်သူတွေက ရတဲ့နည်းနဲ့ တော်လှန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ရက်စက်သူတို့ရဲ့ နည်းအတိုင်း ပြည်သူတွေကို ပစ်သတ်လိုက်ကြလို့ ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရတယ်။ ပြည်သူတွေရင်ထဲတော့ နာလို့မဆုံးတဲ့ ဖြစ်ရပ်ကြီး၊ တစ်နိုင်ငံလုံးတော့ ရင်ထုမနာ ငိုကြွေးခဲ့ရတယ်။

    တောင်ဒဂုံမြို့နယ်တွင် ကျဆုံးခဲ့ရသူ တစ်ဦး၏ ဈာပန မြင်ကွင်း

    ရက်ပေါင်း ၆၀ ကျော် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခုချိန်ထိ ပြည်သူတွေပေါ်မှာ အာဏာသက်ရောက်မှုမရှိသေးပါဘူး။ သို့သော် အာဏာရှင်တွေက ပြည်သူတွေလက်ခံလာဖို့အတွက် လူသတ်ရဲတယ်၊ ဒီကနေ့ ဧပြီလ ၆ ရက်နေ့အထိ စာရင်းတွေအရ ကျဆုံးသူ ပြည်သူ ၆၀၀ ကျော်သွားပြီဖြစ်တယ်။ ဖမ်းဆီးချုပ်နှောင်ခံရသူတွေလည်း ထောင်ချီရှိနေပြီ၊ ဒါပေမဲ့ အာဏာသက်ရောက်မှုဟာ လုံးဝမရှိသေးဘူးလို့ ပြောလို့ရပေမဲ့ တောင်ဒဂုံမှာတော အုပ်ချုပ်ရေးကို အသက်သွင်းဖို့ ကြိုးစားနေပါပြီ။

    ဧပြီလ ၅ ရက်နေ့မှာတော့ ဒဂုံမြို့သစ်တောင်ပိုင်း ( တောင်ဒဂုံ) ၂၀ ရပ်ကွက်မှာတော့ စစ်ကောင်စီလက်နက်ကိုင်တွေက ရပ်ကွက်ရုံးဖွင့်ဖို့ ကြိုးစားခဲ့တာက ထူးဆန်းလှနေပါတယ်။ စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိရင် ပြည်သူက ရွေးပါတဲ့။ အရင် NLD အစိုးရလက်ထက်က ရွေးချယ်ခံတဲ့ အုပ်ချုပ်ရေးမှူးကလည်း စစ်ကောင်စီလက်အောက်မှာ လုပ်လိုသူတွေရှိနေတာ ပြည်သူတွေ သိပြီးဖြစ်မှာပါ။ အုပ်ချုပ်ရေးမှူးရွေးဖို့ ဘုန်းတော်ကြီးကျောင်းမှာ ခေါ်လိုက်တယ်။ တပ်စွဲထားတဲ့ တောင်ဒဂုံက မောင်းမကန်လမ်းမပေါ်က သီရိမင်္ဂလာ ဘုန်းကြီးကျောင်းထဲကို ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဟောင်းတွေနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်ချင်နေတဲ့ လူ ၃၀ လောက်ခေါ်ပြီီး အုပ်ချုပ်ရေးမှူး ခန့်လိုက်ကြပါတယ်။

    (more…)

  • အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

    အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

    စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည်ကား အဆုံးသတ်တိုက်ပွဲ

    RNA-အယ်ဒီတာ ၊ မတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာသိမ်းယူခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ကို ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) မှ ဗိုလ်ချုပ် ဂွမ်မော်က ”အထီးကျန်” ဆိုတာ တယောက်ထဲကို ပြောတာလို့ဘဲ နားလည်ခဲ့တာလေ၊ “အဖွဲ့လိုက်”ကြီး အထီးကျန် သွားလိမ့်မယ်လို့ တခါမှ မစဥ်းစားခဲ့မိဘူး ” ဟု ရေးသား ခဲ့သည်။

    ဒီကနေ့ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ရာ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများ၊ သံရုံးကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတို့က တက်ရောက်​ခြင်း မပြုဘဲ အာဏာသိမ်းအဖွဲ့နှင့် ခပ်ကင်းကင်း နေခဲ့ကြသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအစိုးရကို ကမ္ဘာ့နိုင်ငံ အများအပြားအပါအဝင်၊ ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်နေပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူ ၃၀၀ ကျော်ကို မင်းအောင်လှိုင်ကို အကာအကွယ်ပေးနေသည့် လက်နက်ကိုင်များက အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်နေသည်။

    (more…)

  • နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

    နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

    ပြည်သူ​တွေအ​နေနဲ့”​အောင်စိတ်”နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ

    မင်းကိုနိုင်

    တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

    မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

    လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီ ခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

    နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊ အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင် လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

    (more…)

  • စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

    စစ်ကျွန်လွှတ်တော် ကမ်းပါးပြို၊ လက်နက်ချအတွေးအခေါ်ပေါင်ကျိုး

    ကိုယ့်ကို မုဒိန်းကျင့်တဲ့ လူဆိုးဗိုလ်ကို ဘယ်သူမှ မချော့ချင် မပေါင်းချင်ကြတာ သဘာဝပါ။ဒီသဘာဝကို လွန်ဆန်ပြီး သူတို့အတွေးကို တည်ဆောက်ထားပါတယ်။မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ ရှေးပုံပြင်ရဲ့ အဆုံးသတ်က လူဆိုးဗိုလ်ကို ချောက်ကမ်းပါးပေါ်က တွန်းချရေးဖြစ်ပါတယ်။အခုလူတွေရဲ့ အောင့်ကာနမ်းက ကိုယ်ပဲချောက်ထဲကျတဲ့ကိန်းမျိုးဖြစ်နေတာပါ

    ကျော်ကိုကို

    ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပွဲရဲ့ အနက်ဂယက်တွေက အများကြီးပါ။ထင်ရှားတဲ့အရာတွေကိုပဲ ပြောကြပါစို့။ဒီချုပ်က တခဲနက်ကြွေးကြော်ထားတဲ့ တောင်ပြိုကမ်းပြိုရထားသော မဲရလာဒ်ဆိုတာ လုံးလုံးပျက်ပြယ်သွားခဲ့ပါပြီ။ဒါကို မဟုတ်ပါဘူးလို့ ငြင်းလို့မရပါ။လူထုရင်ထဲမှာ ထာဝရ NLD ပဲမို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတိုင်း အတည်ဖြစ်နေတုန်းပဲ၊ပြည်သူတင်ထားတဲ့ သမ္မတက ဦးဝင်းမြင့်ပဲဆိုတာတွေက အပိုစကားတွေပဲဖြစ်ပါတယ်။လူထုကို မျှော်လင့်ချက်အမှားတွေ ဆက်မပေးကြပါနဲ့။၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ပြီး စောင့်ခဲ့တုန်းကလို နှစ်အကြာကြီး အချိန်ကုန်ခံပြီး သဲထဲရေသွန်ဖြစ်ရတာမျိုး ထပ်မကြုံသင့်တော့ပါ။လက်တွေ့အရ တပ်က အာဏာ သိမ်းသွားပြီဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ရွေးကောက်ပွဲရလာဒ်ကို ထည့်စဉ်းစားတာထက်စာရင် စစ်အစိုးရဖယ်ရှားရေးလုပ်တာက ပိုလက်တွေ့ကျပါလိမ့်မယ်။

    နောက်တချက်က စစ်အစိုးရက သူတို့ပြင်ဆင်ထားတဲ့ ၂၀၀၈ အခင်းအကျင်းအောက်ကပဲ အာဏာသိမ်းယူလိုက်တယ်ဆိုတာကို မြင်အောင်ကြည့်ကြပါ။အခြားအထိုင်ပေါ်က စစ်အာဏာသိမ်းပွဲ ထွက်လာတာမဟုတ်ပါဘူး။ဒုသမ္မတ မြင့်ဆွေဆိုတာ တပ်က တင်ထားတဲ့ ကိုယ်စားလှယ်ပါ။အခုလို ကြေညာချက်တွေ အချိန်မရွေးထုတ်ပြန်နိုင်အောင်လို့ သူလိုလူကို ကာလုံကောင်စီထဲ ထည့်ထားတာပါ။ကာလုံကောင်စီ ၁၁ယောက်မှာ ခြောက်မဲက တပ်ကမို့ အမြဲအသာစီးရပြီးသားလည်းဖြစ်ပါတယ်။ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် စစ်အုပ်စုပဲ အသာရနေတဲ့ ဖွဲ့စည်းပုံပါ။ဒီဥပဒေအရ ခေါ်ယူထားတဲ့ လွှတ်တော်နဲ့အစိုးရကို တပ်က ဖျက်ပြီးသွားပါပြီ။ဒီဥပဒေကို ယုံကြည်လက်ခံတဲ့ ဒေါ်စုတို့ကိုလည်း ဖမ်းလိုက်ပါပြီ။ဆိုတော့ကာ ဘယ်လိုအခြေအနေရောက်ရောက် ကျနော်တို့ပြည်သူတွေက ဒီလို ဥပဒေမျိုးကို ပြန်အသက်သွင်းစရာ တောင်းဆိုစရာ မလိုတော့ဘူးလို့ မြင်ပါတယ်။

    NLD က ထုတ်ပြန်တဲ့ကြေညာချက်ရဲ့ နံပါတ်(၃)အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ်လွှတ်တော်ခေါ်ယူနိုင်ရေးကို အကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ကိုယ့်ကို ထိုးထားတဲ့ နဖားကြိုးကိုမှ တန်းတန်းစွဲနှစ်သက်နေတဲ့ နွားတွေလို၊ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကို တမ်းတနေတဲ့ တရားခံလို fetish တမျိုးလို့ပဲ မြင်တယ်။လက်တွေ့မှာ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်ကျွန်လွှတ်တော်ကြီးလည်း ကမ်းပါးပြိုခဲ့ပြီးပါပြီ။

    (more…)

  • စာပြင်စာတည်း၏မှတ်စုများ( ၁၅)

    စာပြင်စာတည်း၏မှတ်စုများ( ၁၅)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    မင်းက ငတုံးလား
    အရာရာကို ဦးနှောက်၊နှလုံးသားနဲ့နားလည်တဲ့လူတစ်ယောက်ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့စာရေးဆရာရဲ့ စကားတိုင်း ဝါကျတိုင်းကို အမြိုက်အရသာလိုပဲ စွဲမှတ်လက်ခံကြတယ်။ ရာဟုလာသံကိစ္စည်း
    ပြည်သူဆိုတာ မသေမျိုး။အာဏာနဲ့စည်းစိမ်ကို ကိုးကွယ်ဆည်းကပ်သူတွေက ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ဘယ်လိုပဲ သတ်ပစ်သတ်ပစ် ပြည်သူလူထုရဲ့အင်အားက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ရာဟုလာသံကိစ္စည်း

    ခတ်/ခပ်မြန်မာစာမှာ စိတ်ဝင်စားစရာတွေအများကြီး ရှိတယ်။ဟင်းအိုးထဲကို ဆားခတ်ရင်၊မဆလာခတ်ရင်၊အချိုမှုန့်ခတ်ရင် တသတ်နဲခတ်ပြီး ဟင်းအိုးထဲက ဟင်းကိုခပ်ရင်တော့ ပသတ်နဲ့ခပ်ရတဲ့ အချက်က စိတ်ဝင်စားဖွယ်အချက် တစ်ချက်အဖြစ်ပါဝင်တယ်။ကိုယ်ကနေ အပြင်ကို ရွေ့လျားသွားတဲ့သဘော ညွှန်းလိုရင် တသတ်နဲ့ခတ်ပြီးတော့ ၊အပြင်ကနေ ကိုယ့်ဘက်ကို ရွေ့လျားလာတဲ့သဘော ညွှန်းလိုရင် ပသတ်နဲ့ခပ်ပါတယ်။အသံတူတိုင်း အသတ်မတူဘူး။အသတ်မတူတဲ့အလျောက် သူတို့ရဲ့အနက်အဓိပ္ပါယ်ချင်းလည်းမတူကြဘူးလို့ သိကြဖို့ပါပဲ။
    ရည်ညွှန်း၊ မောင်ခင်မင်(ဓနုဖြူ)-လပြည့်ဝန်းနှင့်ဆင်စွယ်ဘီးကလေး ။

    ဉာဏ်နဲ့ယုံကြည်ချက်

    လောကမှာ နေရာတကာ ဉာဏ်နဲ့ တိုင်းတာသိရတဲ့ပြဿနာတွေချည်းရှိတာမဟုတ်ဘူး။တချို့ပြဿနာတွေက ယုံကြည်ချက်နဲ့တိုင်းတာပြီးသိရတာ။ကျောက်တုံးကြီးတစ်တုံး ဘယ်ခေတ်ဘယ်ကာလတုန်းက ဘယ်သူယူလာခဲ့မှန်းမသိဘူး။အထောက်အထားလည်းပဲမရှိဘူး။ခင်ဗျားဉာဏ်က မမီတော့ဘူး။ဒါပေမဲ့ ယုံကြည်ချက်သမား ရေနံသူဌေးတွေက အဲ့ဒါကို သူတို့ရင်ထဲက ယုံကြည်ချက်နဲ့တိုင်းတာပြီး အမြတ်တနိုးကိုးကွယ်ထားကြတယ်။အဲ့ဒါကို မျက်ကန်းယုံကြည်မှုလို့ ဆိုမလား။မဆိုရဘူး။ယုံကြည်ချက်က သူ့ရင်ထဲမှာရှိတဲ့ကိစ္စ။ခင်ဗျား ဘာမှ ဝင်ရောက်စိုးမိုးလို့မရဘူး။လူဟာ သူ့ယုံကြည်ချက်ကိုထိပါးလာပြီဆိုတာနဲ့လူတင်မကဘူး နတ်ဘုရားလည်း သတ်ဖို့ဝန်မလေးဘူး။နေရာတကာ ဉာဏ်က အသုံးကျတာမဟုတ်ဘူး။ဘုရားတောင်မှ ပညာပါရမီတစ်ခုတည်းဖြည့်ပြီး ဘုရားဖြစ်တော်မူတာမဟုတ်ပါဘူး။ အောင်မှူးဝေ

    (more…)

  • စာပြင်စာတည်း၏ မှတ်စုများ ( ၁၃)၊(၁၄)

    စာပြင်စာတည်း၏ မှတ်စုများ ( ၁၃)၊(၁၄)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    မြတ်ဗုဒ္ဓရဲ့ဉာဏ်ပညာကိုမင်းတကယ်သိရဲ့လား
    [ဇာဏုသောဏိပုဏ္ဏား] သစ္စာတရားကို ထိုးထွင်း၍ သိပုံ ၉ မျိုး ၁။ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၂။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
    ၃။ နိရောဓသစ္စာကို သစ္ဆိကိရိယာ ပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၄။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၅။ တရားအားလုံးတို့ကို အဘိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၆။ သင်္ခါရတရား အားလုံး တို့ကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
    ၇။ အကုသိုလ်တရားအလုံးစုံကို ပဟာန ပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၈။ မဂ်လေးပါးတို့ကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၉။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း။ (ပဋိသံ။၂၅၃။) (ပဋိသံ။၂၅၈။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။)

    အသိဉာဏ်ရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးလုပ်တဲ့အလုပ်မှအောင်မြင်တယ်။ကိုယ့်ထက် အောက်တန်းကျတဲ့လူနဲ့ပေါင်းရင် ကိုယ်ပါအောက်တန်းကျသွားတယ်။ ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်း…မှ ရရှိထားတဲ့ပညာဟာကိုးကွယ်ဖို့ မဟုတ်ဘူးအသုံးချဖို့ပဲ
    ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်းမှ ဓမ္မေ ဟောန္တု သဂါရဝါ
    တရားတော်၌ ရိုသေလေးမြတ်ခြင်း ရှိကြပါစေသော်
    ဓမ္မတရားသည် ပစ္စက္ခဖြစ်သော မျက်မှောက်ကာလအတွက် လမ်းကြောင်းကြီးဖြစ်၏။ ထိုကြောင့်ပစ္စုပ္ပန်တွင် ဖြစ်ဆဲဖြစ်ခိုက်များကို သိရှိနေနိုင်သောစွမ်းရည်ကို ပျိုးထောင်ကြရပေမည်။ ပစ္စုပ္ပန်အခိုက်အတန့်တွင် စင်စစ် မိမိတွင် ဖြစ်ပျက်နေသောအခြားအကြောင်းအရာတို့ကို မှန်ကန်သည့်သဘောအတိုင်း သိမြင်မှုကို အာရုံပြုတတ်အောင်(ဝါ) ပစ္စုပ္ပန်တည့်တည့် ရှုမှတ်တတ်အောင်လုပ်နည်းလိုအပ်၏။ ဝိပဿနာအလုပ်သည်ထိုနည်းပင် ဖြစ်သည်။ အသက်ရှူသွင်းခိုက်တွင်ပစ္စုပ္ပန်တည့်တည့် ရှူမှတ်လိုက်ခြင်း၊ ရှူထုတ်ခိုက်တွင် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်လိုက်ခြင်းတို့ကိုစနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့် ပစ္စက္ခကိုသိ၍သိ၍နေနိုင်၏။ အာနာပါနနည်းဖြင့် မျက်မှောက်ကာလကို မလွတ်တမ်းသိ၍ နေစေပါသည်။ ။
    ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးဆတျနာရာယန် ဂိုအင်ကာ။

    (more…)

  • စာပြင်စာတည်း၏ မှတ်စုများ ( ၁၂)

    စာပြင်စာတည်း၏ မှတ်စုများ ( ၁၂)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    ကြောက်ရတယ်။ တွင်းသင်းမင်းကြီး ဦးထွန်းညိုက သူ့သား မင်းရွာစားကိုဆုံးမတဲ့ ကြောက်ကြီး ကိုးလုံးဆုံးမစာ။ ဖွဖွရွတ်ဆိုမိတယ်။ ” မေတ္တာကုန်ခန်း၊စိတ်မချမ်း၊ညှိုးနွမ်းမည်ကိုကြောက်” ဒီတစ်ပိုဒ်ကို ထပ်ကာထပ်ကာ ရွတ်မိတယ်။ သေရတဲ့မသာချင်းအတူတူ မေတ္တာငတ်ပြီး သေရသူက ပိုနာတယ်။သေတာများ နာတယ်လို့ရှိသလား မေးစရာ။နာတာပေါ့။တချို့လူတွေသေပလားဆိုမှဖြင့် သူရော သူ့မိသားစုဆွေမျိုးတွေပါ နာပြီးကျန်ရစ်ခဲ့တာပါပဲ။ရင်နာရင်နာ မဟုတ်ရင် လူနာ ဘဝနာ။ အောင်မှူးဝေ

    အာနာပါနဿတိ။ အာနာပါနဿတိ ထူထောင်ရခြင်း၏ အခြားအကြောင်းတစ်ရပ်မှာလည်း လောဘ၊ ရွံရှာမနှစ်မြို့ခြင်း (ဝါ) ဒေါမနဿနှင့် မောဟတရားများကို စင်ကြယ်စေရေးအတွက်ဖြစ်သည်။ယင်းတို့ကို စင်ကြယ်စေရန်ဆိုလျှင် ယင်းတို့ရှိနေပါကလားဟူ၍ သိနေဖို့က စတင်ရ၏။အာနာပါနလုပ်ခြင်းဖြင့် မိမိ၏ စိတ်အခြေအနေကို ဆင်ခြင်ခွင့်ရ၏။ စိတ်ငြိမ်းသက်အေးချမ်းခိုက်တွင် အသက်ရှူမှုသည် ညင်သာပျော့ပျောင်းသည်။ စိတ်ငြိုငြင်ခြင်းတစ်မျိုးမျိုး ဥပမာစိတ်ဆိုးမှု၊ မုန်းတီးမှု၊ ကြောက်ရွံ့မှု၊ ရာဂစိတ်တက်ကြွမှု တစ်ခုခုဝင်ရောက်လာပြီဆိုလျှင်အသက်ရှုခြင်းသည် ကြမ်းတမ်းလာသည်။လေးလံလာသည်။ မြန်ဆန်လာသည်။ဤနည်းအားဖြင့် အသက်ရှူမှု အခြေအနေပြောင်းလဲခြင်းကို အကဲခတ်၍ ရင်တွင်းမှာဖြစ်ပေါ်နေသော အကုသိုလ်တရားများကိုချေဖျက်ရန် အခွင့်အလမ်းကို ရရှိနိုင်၏။ ။
    ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးအက်(စ်) အင်(န်) ဂိုအင်ကာ။ ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန်-“အနေတတ်ပါစေ” စာအုပ်၊စာမျက်နှာ (၁၁၆)။

    စိတ်အညစ်အကြေးကင်းပုံ ။ မနေ့က သတိပဋ္ဌာန်ဂုဏ်ရည် ခုနစ်မျိုး၊ ရနိုင်တဲ့အကျိုး ခုနစ်မျိုးကို ဂုဏ်ရည်ပါပဲလို့ အကျဉ်းချုပ်ပြီး ပြောသွားပါတယ်။ အကျယ်တွေကတော့ ပြောစရာအများကြီး ရှိပါတယ်။ နောက် လက်တွေ့ပိုင်းရောက်တဲ့အခါ ထိုက်သလောက်တော့ပါပါလိမ့်မယ်။ အဲဒီအကျိုးခုနစ်မျိုးထဲမှာ ပထမဆုံး “သတ္တာနံ ဝိသုဒ္ဓိယာ” ဧကာယနော မဂ္ဂါဆိုတာ အဲဒါလိုရင်းပါပဲ။ ဘုရား သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အရိယသာဝကလောင်း အစရှိတဲ့ သတ္တဝါအများ စိတ်အညစ်အကြေး ကင်းဝေးစင်ကြယ်ဖို့ရန် ဒီလမ်းဟာ သေချာတဲ့အကျင့်လမ်းကြောင်းပဲဆိုတာ၊ ယင်းလမ်းကြောင်းကတော့ ဟောဒီသတိပဋ္ဌာန်တရားလေးပါးပဲဆိုတာ မြတ်စွာဘုရားက လက်ညှိုးထိုး တိတိကျကျ လမ်းညွှန်ကြားပါတယ်။ စိတ်အညစ်အကြေးဟာ လိုရင်းကတော့ သုံးမျိုးပါပဲ ။ ရာဂမလ-တပ်မက်တဲ့အညစ်အကြေး တစ်ခု၊ မက်မောတဲ့လောဘပါပဲ။ ဒေါသမလ-စိတ်ပျက် စိတ်ဆိုး မုန်းညှိုးပြစ်မှားတဲ့ အညစ်အကြေးတစ်ခု၊ မောဟမလ-အမှန်တရားနဲ့ စပ်ပြီးတော့ တွေဝေမှုန်မွှား မပြတ်သားမှု တစ်နည်း မိုက်မဲမှု၊ အဲဒါ တွေက စိတ်အညစ်အကြေးတွေလို့ ခေါ်ပါတယ်။ အဲဒီ စိတ်အညစ် အကြေးတွေထဲက အစွန်းရောက်တဲ့ နည်းနည်းဒီဂရီများလာလို့ရှိရင် အစွန်းရောက်တဲ့အပိုင်းလည်း ဖြစ်လာတတ်ပါတယ်။

    (more…)