မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။
အောင်မှူးဝေ
ဝိပဿနာဆိုင်ရာများ
အရှင်အာနန္ဒာ။ ။ ပဋိစ္စသမုပ္ပါဒ် ခက်တယ်ပြောကြတယ်။တပည့်တော်တော့ ခက်တယ်မထင်ဘူးဘုရား ။ မြတ်ဗုဒ္ဓ – ဒီလိုမပြောနဲ့ အာနန္ဒ၊တွေးကြည့်ရုံနဲ့သိတဲ့တရားမျိုးမဟုတ်ဘူးပညာရှိတွေသာ ခံစားသိရှိနိုင်တဲ့တရားမျိုး ဖြစ်တယ်။ သဘောကို စိတ်နဲ့ကြည့် ရုပ်သဘော နာမ်သဘောကိုမျက်စိနဲ့မကြည့်ပါနဲ့စိတ်နဲ့ကြည့်ပါ။ဝေဒနာကို ဆွေမျိုးမတော်လိုက်ပါနဲ့သဘောကိုပဲ မိအောင်ရှုပါ ။သဲအင်းဂူဆရာတော်
အတွင်းလောကဓံကိုမှ သည်းမခံနိုင်ရင်အပြင်လောကဓံကိုလည်း သည်းမခံနိုင်ဘူး။
သဲအင်းဂူဆရာတော်
အရှိအသိ ကိုက်အောင်ကြည့်ကြည့်တဲ့အခါမှာ စိတ်ရှည်ရမယ်နော။ မြောက်ဦးဆရာတော်
နိဗ္ဗာန်ချမ်းသာဆိုတာမသိသေးလို့မို့ မလိုချင်ကြသေးတာနော။ သိရင်တော့ လိုချင်ပြီ။ဒီကနေ့ တရားအားထုတ်နေကြတယ်ဆိုတာ သိအောင်လို့ ကြည့်နေကြတာ။ မြောက်ဦးဆရာတော်
မင်းစည်းစိမ်ကို ရလို့မို့ မအိုတော့ဘူး မသေတော့ဘူးမှတ်သလား
ပံ့သကူမထေရ် တပည့်တော်သည် မိမိအစိုးရသည့် မြေပြင်အားလုံးကို အရှင်မြတ်များအား လှူဒါန်းပါသည်အရှင်ဘုရား။ဤသို့ လှူဒါန်းရသောကောင်းမှုကြောင့် တပည့်တော်သည် နတ်ပြည်သို့လည်း မရောက်လိုပါ၊ဗြဟ္မာ့ပြည်သို့လည်း မရောက်လိုပါ၊မင်းစည်းစိမ်ကိုလည်း မခံစားလိုပါ။မင်းစည်းစိမ်ဟူသည်မှာ ရေပွက်ပမာ တစ်ခဏမျှသာ ခံပါသည်။ဤကုသိုလ်ကောင်းမှုကြောင့် တပည့်တော်ရလိုသောဆုမှာ အရိယာသံဃာတော်များ တန်ဖိုးထားကြသော မိမိစိတ် မိမိထိန်းချုပ်နိုင်ရေးပင် ဖြစ်ပါသည်ဘုရား။ယင်းဥစ္စာရတနာသည် မည်သည့်အခါမျှ ပြောင်းလဲဖောက်ပြန်မှုမရှိသည့် ဥစ္စာရတနာဖြစ်ပါသည်ဘုရား။ အသောကမဟာရာဇာ



