အဖွဲ့လိုက်ကြီး အထီးကျန်နေတဲ့ အာဏာသိမ်းအဖွဲ့

စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည်ကား အဆုံးသတ်တိုက်ပွဲ

RNA-အယ်ဒီတာ ၊ မတ် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

ပြည်သူ့အစိုးရထံမှ အဓမ္မ အာဏာသိမ်းယူခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ကို ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) မှ ဗိုလ်ချုပ် ဂွမ်မော်က ”အထီးကျန်” ဆိုတာ တယောက်ထဲကို ပြောတာလို့ဘဲ နားလည်ခဲ့တာလေ၊ “အဖွဲ့လိုက်”ကြီး အထီးကျန် သွားလိမ့်မယ်လို့ တခါမှ မစဥ်းစားခဲ့မိဘူး ” ဟု ရေးသား ခဲ့သည်။

ဒီကနေ့ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ရာ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများ၊ သံရုံးကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတို့က တက်ရောက်​ခြင်း မပြုဘဲ အာဏာသိမ်းအဖွဲ့နှင့် ခပ်ကင်းကင်း နေခဲ့ကြသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအစိုးရကို ကမ္ဘာ့နိုင်ငံ အများအပြားအပါအဝင်၊ ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်နေပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူ ၃၀၀ ကျော်ကို မင်းအောင်လှိုင်ကို အကာအကွယ်ပေးနေသည့် လက်နက်ကိုင်များက အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်နေသည်။

မြန်မာပြည်သူများသည် မင်းအောင်လှိုင်ဦးဆောင်သည့် လက်နက်ကိုင်များက အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းနေသည့်ကြားက နေ့စဥ်နှင့်အမျှ လမ်းပေါ်ထွက်ကာ သပိတ်စစ်ကြောင်းများဖြင့် ဆန့်ကျင် ဆန္ဒပြနေကြသည်။

ဒီကနေ့ဟာ မြန်မာတစ်နိုင်လုံးနီးပါး ဖက်ဆစ်ဆန့်ကျင်ရေးနေ့ ဖြစ်သည့်အတွက် လမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်အစိုးရကို ဆန္ဒပြခဲ့ကြရာ နံနက်ပိုင်းက မကွေးတိုင်း ပွင့်ဖြူမြို့က ပြည်သူ တစ်ဦး ကျဆုံးခဲ့ရသလို၊ ရှမ်းမြောက် လားရှိုးတွင်လည်း ပြည်သူတစ်ဦး ကျဆုံးကြောင်း ၊ အခြားတိုင်းနှင့်ပြည်နယ်များမှ ပြည်သူများကိုလည်း ပစ်ခတ် ဖြိုခွင့်ခံရမှုတွေ ရှိနေသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည်ကား အဆုံးသတ်တိုက်ပွဲဖြစ်ပြီး၊ ဖွံ့ ဖြိုးတိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို လျှောက်လှမ်းနိုင်ရေး ဘဝတွေ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ပေးဆပ်ပြီး ကြိုးပမ်းနေခြင်း ဖြစ်သည်။

ပြည့်သူ့အရေးတော်ပုံ အောင်ရမည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *