Admin

23 Posts
ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

ပြည်သူတိုင်း PDF တပ်သားလို့ ခံယူစေချင်

ပြည်သူတိုင်း PDF တပ်သားလို့ ခံယူထားစေချင်ကြောင်း မြောင် အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ပြောကြား RNA_ဇန်နဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ "နွေဦးတော်လှန်ရေးမှာ PDF တွေ တိုက်ပွဲဝင်ပါလိမ့်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ မသွားချင်ဘူး၊ ပြည်သူတိုင်း ပြည်သူတိုင်းက ကိုယ့်ကိုယ်ကို ငါတို့သည် PDF တပ်သားပါဆိုတာမျိုးနဲ့ ခံယူထားစေချင်တယ်။ အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်" လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။ Red News Agency
Read More
လေးကေကော်မှာ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ်နှင့်၁၀ ဦးကျော် ဖမ်းဆီးခံရ

လေးကေကော်မှာ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ်နှင့်၁၀ ဦးကျော် ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ KNU တက်မဟာ (၆) နယ်မြေ လေးကေကော် မြို့သစ်အိမ်ယာမှာ စစ်ကောင်စီတပ်တွေ ယနေ့ နံနက်က ဝင်စီးရာမှာ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် (၁၀) ဦးကျော် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ စစ်ကြောင်းဖြန့်ပြီး လေးကေကော်ထဲ ဝင်ရောက်ရှာဖွေမှုကြောင့် ယနေ့ နံနက်ဖမ်းဆီးခံရမှုများရှိသလို စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများ အထုပ်ပြင်ထားရကြောင်း၊ အချိန်မရွေး အပစ်အခတ်ဖြစ်လာနိုင်ကြောင်း၊ လေးကေကော်သည် KUN နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မကြာခဏ ဝင်ရောက်နေကြောင်း သိရသည်။ လေးကေကော်မြို့သစ်သည် ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲတွေ ပြန်စသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စစ်ဘေးရှောင်များ နေထိုင်ရန်ကရင်အမျိုးသားအစည်းအရုံး (KNU) က…
Read More
နေအိမ်ရှေ့ မြေမြှပ်မိုင်းပေါက်ကာ မိခင်သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေတဖက်ဆုံးရှုံး

နေအိမ်ရှေ့ မြေမြှပ်မိုင်းပေါက်ကာ မိခင်သေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ် ခြေတဖက်ဆုံးရှုံး

RNA_ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ နေအိမ်ရှေ့တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး မိခင်သေဆုံးကာ (၂)နှစ်အရွယ် မိန်းကလေးငယ် ခြေတဖက်ဆုံးရှုံးလိုက်ရသည့်အတွင် ယူနီဆက်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၅ ရက်နေ့က အိမ်ရှေ့မှာတင် မြေမြှပ်မိုင်း ကောက်ကွဲကာ မိခင်သေဆုံးပြီး၊ ကလေငယ်မှာ ညာခြေ ဖြတ်လိုက်ရပြီး ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ” မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရပါမည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး၊ မပေါက်ကွဲသေးသော လက်နက်များ၊ လက်ရှိမိုင်းများကို ရှင်းလင်းရန်၊ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများရှိ ကလေးသူငယ်များ ဘေးအန္တရာယ် ကင်းစေရန်နှင့် ၎င်းတို့၏ အကာအကွယ်…
Read More
တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်။ ဒီနေ့ မနက်ပိုင်း ရန်ကုန်မြင်ကွင်းတွေအရဆိုရင်လမ်းပေါ်မှာ လူတွေ၊ကားတွေ စျေးသည်တွေ အတော့်ကို နည်းပါးလွန်းနေပါတယ်။ ဆိုင်အများအပြားပိတ်ထားတာကို တွေ့ရပြီး ပုံမှန်လူစည်ကားရာ ရန်ကုန်မြို့ နေရာတော်တော်များများ တိတ်ဆိတ်ခြောက်ကပ်နေတာတွေ့ရပါတယ်။ ဒီအခြေအနေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်နေတဲ့ ကြားက “ငါတို့မြို့ကို ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင် ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်” ဆိုပြီး ကားမရှိ၊ လူမရှိ၊ ဈေးသည်မရှိ တရက်တာ Silent Strike သပိတ်မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး အသံတိတ်သပိတ် Silent Strike ကို ယနေ့…
Read More
NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

NUG ကို အခွန်မဆောင်သည့် ကုမ္ပဏီအကြီးစား လုပ်ငန်းများကို အရေးယူမည်

RNA_ဒီဇင်ဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာမည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ဝင်ငွေခွန်ဆောင်ကြရမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကျော်လွန်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ကြေညာထားသည ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းသွာလာသည့်အချိန် စစ်ဆေးရာတွင် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများ NUG ကို အခွန်ဆောင်ထားသည့် Digital Slip ဖြတ်ပိုင်းများ ပြသရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက Digital Slip မပြနိုင်သည့် ကုမ္ပဏီပိုင် အကြီးစား လုပ်ငန်းများကို မြို့နယ် ပ-အ-ဖ များနှင့်ချိတ်ဆက်ပြီး ထိရောက်စွာ အရေးယူသွားမည်…
Read More
ကနီနယ်တွင် စစ်ဘေးရှောင် ၁၅၀၀ ခန့် စားနပ်ရိက္ခာ ပျက်လပ်နေ

ကနီနယ်တွင် စစ်ဘေးရှောင် ၁၅၀၀ ခန့် စားနပ်ရိက္ခာ ပျက်လပ်နေ

ကနီ၊ ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ခန့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း ဒေသခံပရဟိတအဖွဲ့ထံမှ ယနေ့ သိရသည်။ “လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ မုတ်ထောမှာ နှစ်လုံးကျတယ်၊ မကွဲဘူး၊ ငဖျက်မှာ ၄ လုံးကျတယ်၊ ၂ လုံးကွဲတယ်၊ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူး၊ စစ်ဘေးရှောင်တွေအတွက် စားစရာ ခက်ခဲနေတယ်” ဟု ကနီမြို့နယ် ပရဟိတအဖွဲ့ဝင် တစ်ဦးကပြောသည်။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ နတ်ကြီးတွင် စစ်ကောင်စီတပ်များမှ တပ်စခန်းချထားပြီး အနောက်ဘက်ကမ်းရှိ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငဖျက်၊ မုတ်ထော၊ အိုင်တောင်၊ ချိုင်၊ သရက်ပင်၊ မအူ…
Read More
ပွင့်ဖြူမြို့ အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ဒေသခံများကိုဖမ်းဆီးမှုတွေ ပြုလုပ်နေ

ပွင့်ဖြူမြို့ အနောက်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ဒေသခံများကိုဖမ်းဆီးမှုတွေ ပြုလုပ်နေ

RNA_ဒီဇင်ဘာ ၆ ရက်၊၂၀၂၁ ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့နှင့် စေတုတ္တရာကြား မုန်းဆည်အထက် ကြီးအုံကြီးဝလမ်းခွဲဝန်းကျင်ဘက်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်း စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနေကြောင်း သိရသည်။ မုန်းဆည်အထက် ကြီးအုံကြီးဝလမ်းခွဲ ချောင်းဆုံကျေးရွာဝန်းကျင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က မုန်း ပြည်သူ ၄ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း၊ မုန်းတမံ အနီးမှာလည်း ပြည်သူနှစ်ယောက်ကိုဖမ်းပြီး ပါးရိုက်ကန်ကြောက်ကာ နှိပ်စက်မှုများပြုလုပ်နေကြောင်း၊ ယနေ့တွင်လည်း တောနင်းပြီး ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။ ” အဓိက မုန်းချောင်းအတိုင်း စက်လှေတွေကို ရွာတွေကနေ အတင်းအဓမ္မခေါ်ပြီး ‌ရေကြောင်းက တက်တယ်၊ ကုန်းကြောင်းကလည်း လာတယ်၊ ဒေသခံမဟုတ်တဲ့သူတွေကော ဒေသခံတွေကော ဖမ်းနေတယ်၊…
Read More
အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ အရိုက်ခံရပြီး ဆေးကုသခွင့်မရ

အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ အရိုက်ခံရပြီး ဆေးကုသခွင့်မရ

RNA_ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြသူများ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အရိုက်ခံခဲ့ရပြီး ယနေ့ နေ့‌လည်ပိုင်းအထိ ဆေးကုသခွင့် မရကြောင်း သိရသည်။ ” မနေ့က အစာငတ်ခံ ဆန္ဒပြတယ်၊ ပြီးတော့ သွေးသစ္စာသီးချင်းတွေ ဆိုကြတယ် ညကြတော့ အဲဒီ သီးသန့်ထောင်က ၅၀၅ တွေကို ထောင်မကြီးထဲပြောင်းတယ်၊ ထောင်ပိုင်က ရိုက်ဖို့အမိန့်ပေးတာ၊ ဒီနေ့ ထပ်ကြားရတာက ညကအရိုက်ခံရသူတွေကို ဆေးမကုရဘူးလို့ ထောင်ပိုင်က အမိန့်ထုတ်ထားတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် ရှေ့နေတချို့ထံက သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်းစိန်အကျဉ်းထောင် သီးသန့်ထောင်မှာထားသည့် မတရားဖမ်းဆီးခံထားရသူများက အစာငတ်ခံဆန္ဒပြ…
Read More
တော်လှန်ရေးအမြန်အောင်ဖို့ စစ်ရေးသက်သက်အမြင်ဖြင့် ချဉ်းကပ်၍ မရနိုင်

တော်လှန်ရေးအမြန်အောင်ဖို့ စစ်ရေးသက်သက်အမြင်ဖြင့် ချဉ်းကပ်၍ မရနိုင်

စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြုတ်ချမယ်လို့ ကြွေးကြော်သံတင်ပြီးနောက် ရတဲ့နည်းနဲ့လက်နက်ရှာ၊စစ်သင်တန်းတက်၊ပျောက်ကြားအစုတွေဖွဲ့ပြီး တော်လှန်နေတဲ့အင်အားစုတွေ အများအပြားရှိနေကြပါပြီ။ အဆိုပါတော်လှန်ရေးအင်အားစုတွေမှာ ကိုယ်ပိုင်ရည်မှန်းချက်အသီးသီးရှိကြသလို အားလုံးလက်ခံထားတဲ့ ဘုံရည်မှန်းချက်‌လည်း ရှိပါတယ်။ကိုယ်ပိုင်ရည်မှန်းချက်တွေကတော့ တဖွဲ့နဲ့တဖွဲ့ ခံယူကျင့်သုံးဆောက်တည်ပုံကို လိုက်ပြီး အနိမ့်အမြင့် အနီးအဝေး အကွာအလှမ်းတွေ တူမယ်မဟုတ်ကြပါဘူး။အနိမ့်ဆုံးဘုံရည်မှန်းချက်ကတော့ “စစ်သုံးစစ်တိုက်ဖျက်ရေး” တနည်းပြောရရင် “စစ်အာဏာရှင်စနစ်ပြုတ်ကျရေး”ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ ကမ္ဘာအရပ်ရပ်က နမူနာတွေကိုကြည့်ပြီး သင်ခန်းစာထုတ်ယူနိုင်ဖို့ အရေးကြီးပါတယ်။အောင်မြင်တဲ့နိုင်ငံတွေရော မအောင်မြင်တဲ့နိုင်ငံတွေကိုပါ လေ့လာဆန်းစစ်ပြီး ဘာကြောင့်အောင်မြင်ရတယ်၊ဘာကြောင့် မအောင်မြင်ခဲ့ရဘူးဆိုတာတွေ သင်ခန်းစာထုတ်နုတ်ဆင်ခြင်သင့်တယ်လို့ အကြံပြုလိုပါတယ်။ အခုဆောင်းပါးမှာ ထောက်ပြချင်တာက “စစ်ရေးလှုပ်ရှားမှုသက်သက်(ဝါ) စစ်ရေးသက်သက်အမြင်”နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ မလွယ်ကူဖူးဆိုတာပါပဲ။ဒီလိုဆိုလိုတာဟာ “လက်နက်ကိုင်တော်လှန်ရေး”ကို အားမပေးတာမဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြောပါရစေ။လက်နက်ကိုင်တော်လှန်ရေးဟာ လူထုရဲ့တောင်းဆိုချက်ကြောင့် မဖြစ်မနေလိုအပ်ချက်တခုဖြစ်လာရသလို အခုတော်လှန်ရေးအဆင့်မှာလည်း သီအိုရီအရ…
Read More
ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဖားကန့်၊ ဩဂုတ် ၁၉ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁) ဈေးကုန်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲသားတစ်ဦး ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အရပ်ဝတ်ဖြင့်လာရာမှ သေနတ်ပစ်ခံရပြီး သေဆုံးသည့်ရဲသည် မူးယစ်ဆေး သုံးစွဲ ရောင်းချထံ စပ်ကြေးလာကောက်သူ ဖြစ်နိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း အတိအကျမသိရသေးသော်လည်း အခင်းဖြစ်ပွားရာ ဈေးကုန်းနှင့် ယာယီကားလေးကွင်းအနီးတို့၌ မူးယစ်ဆေးဝါး သုံးစွဲသူ ရောင်းချသူများ ကျင်လည်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ မူးယစ်ဆေး ရောင်းဝယ်သူများထံမှ အပတ်စဉ်ကြေး လစဉ်ကြေးများကောက်ယူရန် လာသောရဲသည် AD ဘင်ဖြင့် လာရောက်ခဲ့ပြီး၊ သေဆုံးသူမှာ…
Read More