10
Dec
မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။ အောင်မှူးဝေ ဝိပဿနာဆိုင်ရာများ အရှင်အာနန္ဒာ။ ။ ပဋိစ္စသမုပ္ပါဒ် ခက်တယ်ပြောကြတယ်။တပည့်တော်တော့ ခက်တယ်မထင်ဘူးဘုရား ။ မြတ်ဗုဒ္ဓ – ဒီလိုမပြောနဲ့ အာနန္ဒ၊တွေးကြည့်ရုံနဲ့သိတဲ့တရားမျိုးမဟုတ်ဘူးပညာရှိတွေသာ ခံစားသိရှိနိုင်တဲ့တရားမျိုး ဖြစ်တယ်။ သဘောကို စိတ်နဲ့ကြည့် ရုပ်သဘော…