ဂန့်ဂေါ ကလေး လမ်းမှာ ကျဆုံးခဲ့ရသည့် PDF သူရဲကောင်းတို့၏ ဆရာမတဦး၏ ရင်ဖွင့်သံ

ဂန့်ဂေါ- ကလေး လမ်းပိုင်းမှာ စက်တင်ဘာလ ၉ ရက်နေ့က မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး ကျဆုံးခဲ့ရာမှာ ကျဆုံးခဲ့သူတချို့၏ ဆရာမတဦးက ဝမ်းနည်းလွန်းလို့ ငိုစရာ မျက်ရည်တွေ ခန်းနေပြီဆိုပြီး ယနေ့ လူမှုကွန်ယက်မှာ ရေးသားထားသည်။

” ကျမသိပ်ချစ်ရတဲ့အချစ်ဆုံးတပည့်လေးတေ သွားနှင့်အုံးတော့သားတို့ရေ ကောင်းရာအရပ်မှာ ငြိမ်းချမ်းစွာအနားယူကြပါတော့ ဆရာမ ညဘက်လမ်းလျှောက်ထွက်ရင် ဆရာမလေးတစ်ယောက်ထဲ ဘယ်ဖြစ်မလဲ ကျွန်တော်တို့လိုက်ခဲ့ပေးမယ် ဘယ်နေရာမှာတွေ့တွေ့ ဆရာမကိုတွေ့ရင် သူတို့ကိုခနခနဆုံးမတတ်လို့ ဆရာမလေး တပည့်မိုက်လေးတေဆိုပီး မချစ်တော့ဘူးလားမေးတတ်တဲ့ကလေးတွေ သားတို့ရေ ဆရာမကလေးတွေက တပည့်မိုက်လေးတေမဟုတ်ပါဘူး လိမ်မာလွန်းလို့ စိတ်မချတာပါ သားတို့ ငယ်လွန်သေးလို့ ဘယ်အဖွဲ့မှမလိုက်ဖို့ ပြောခဲ့မိတာပါ ခုတော့ရွာအတွက်ရော တိုင်းပြည်အတွက်ရောပေးဆပ်သွားကြတာ တာဝန်ကျေလွန်းပါတယ်သားတို့အတွက် ဝမ်းနည်းရလွန်းလို့ ငိုစရာမျက်ရည်တွေခမ်းနေပီ ကြေကွဲစရာအသဲတေ ရင်ဘတ်တေ မရှိတော့လောက်အောင်ပါပဲ သားတို့အတွက် ဆရာမတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သွားမှာပါ စနစ်ဆိုးမှာ ပညာဆက်မသင်ဘူးဆရာမလေးလိူ့ပြောတဲ့သားတို့စကားတေကို ဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့တပည့်လေးတေပုံကျမမှာမရှိလို့ပါ ကျမတပည့်တေ အဖွဲ့အားလုံးအတွက် ဝမ်းနည်းကြေကွဲရမဆုံးနိုင်တော့ပါဘူး” ဟု ဆရာမက ကျဆုံးသူရဲကောင်းများအတွက် ရေးသားထားသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် ခုခံစစ်စတင်နေပြီ ဖြစ်ပြီး၊ ရန်ကုန်မြို့ပေါ်တွင်ပင် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ခိုက်ခံနေရပြီး သေဆုံးမှု များပြားနေကြောင်း၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူများ ပြည်သူနှင့်ပူးပေါင်းလာသူများ စစ်တပ်ယန္တရား ဖျက်ဆီးခံရမှုများ နည်လမ်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *