Red News Agency

Independent Journalism for Justice and Human Rights.

Category: သဘောထားအမြင်

  • ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]
     
    #RedNewsAgency
     

  • ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

    RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။

    အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။

    (more…)

  • ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    “တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်”

    နောင်ရိုး

    ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

    ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်‌တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။

    လက်ရှိစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားဟာ လွိုင်ကော်မြို့‌ပေါ်မှာပဲရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေဆိုရင် လူသူကင်းမဲ့နေပါတယ်။ ဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ မိသားစုများသာ ကျန်နေတဲ့ အခြေအနေပဲဖြစ်တယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ပေါ်ရပ်ကွက်‌တွေမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ မြို့တချို့ကတော့ ကြားခံနယ်မြေအဖြစ်မျိုး ရှိနေတာပါ။ စစ်ကောင်စီကလည်း အထိန်းချုပ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိန်းချုပ်ထားတာမျိုး မလုပ်ထားတဲ့ တောအုပ်ကြီးဖုံးလွှမ်းနေတဲ့ မြို့တချို့တော့ ရှိပါတယ်။

    (more…)

  • နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

    နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

    “မြို့သိမ်းတိုက်ပွဲတွေအတွက် တော်လှန်ရေးဘက်က ပြင်ဆင်နေသလို၊ စစ်ကောင်စီတပ်ကလည်း ရှိတဲ့အင်အားနဲ့ ခုခံဖို့ ပြင်နေတာတွေ့ရတယ်။ တောင်ငူမြို့တဖက်ကမ်းက စစ်တောင်းမြစ် တဘက်ခြမ်းမှ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုကလည်း ပိုမိုမြင့်တက်လာခဲ့တယ်”

    နောင်ရိုး

    ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင် အဓိက လမ်းတွေဖြစ်တဲ့ ပဲခူးတိုင်းထဲက တော်လှန်ရေး အခြေအနေကို သိရှိထားဖို့လိုပါတယ်။ ပဲခူးတိုင်းအတွင်းမှာဆိုရင် NUG -MOD ရဲ့ လက်အောက်ခံ ပဲခူးတိုင်း‌စစ်ဒေသခွဲအဖြစ်သီးသန့် ဖွဲ့စည်းထားပြီး၊ သူ့အောက်မှာ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်နဲ့ ပဲခူးခရိုင်ဆိုပြီး ခရိုင် ၄ ခုဖွဲ့စည်းထာခဲ့ပါတယ်။ တောင်ငူခရိုင်မှာ PDF ၃၅၀၁၊ ၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်မှာ PDF တပ်ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်း ၂ ရင်း၊ ပဲခူးခရိုင်မှာ PDF ၃၇၀၁၊ ၃၇၀၂ တပ်ရင်း ၂ ရင်း နဲ့ သာယာဝတီခရိုင်မှာ ၃၈၀၁၊ ၃၈၀၂ဆိုပြီး အားလုံးတပ်ရင်း ၈ ရင်းဖွဲ့စည်းထားခဲ့ပါတယ်။

    လက်တလော ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအခြေအနေဟာ တကယ်ကို ပြင်းထန်နေပါပြီ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲကတိုက်ပွဲတွေအပါအဝင် တောင်ငူနဲ့ အနီးတဝိုက်မှာပါ စစ်မီးတောက်လာနိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ကျောက်ကြီး၊ ရွှေကျင် အပါအဝင် ပဲခူးရိုးမ အရှေ့ခြမ်း ကျောက်တံခါး၊ ကညွတ်ကွင်း၊ ပိန်းဇလုပ်၊ ဖြူး၊ တောင်ငူလမ်းကြောင်းတစ်လျှောက်ကနေ ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။ နယ်မြေစိုးမိုးမှု လုပ်နေတာတွေလည်း တွေ့နေရပါတယ်။ 

    ဒီရက်ထဲဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲက အသိသာဆုံးက ဩဂုတ်လ ၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်း ကျေးရွာမှာ  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရတယ်။ အလားတူ ဩဂုတ်လ ၉ ရက်နေ့မှာပဲ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ 

    (more…)

  • မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်

    ကျော်ရဲစံ

    မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

    ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ​ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

    ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ​ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။

    စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။

    (more…)

  • စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    “ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”

    ငြိမ်းမောင်

    ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။

    အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

     

    သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း  92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။

    (more…)

  • ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

    ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

    စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်”

    ငတွန်

    လှေခွက်ချည်းကျန် အလံမလှဲအားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး  လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။

    သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍လှေခွက်ချည်းကျန် အလံမလှဲ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

    ဦးသုခက အများနားလည်ထားသည့်အတိုင်းပင် မဆုတ်နစ်သည့် ဇွဲကိုဖော်ညွှန်းကြောင်း ယူဆသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ပခုက္ကူဦးအုန်းဖေက ထိုစကားပုံသည် ပခုက္ကူဒေသမှစတင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကျယ်ရှင်းရလျှင် ရှေးအခါက အညာကုန်လှေများနှင့် အောက်ပြည်မှကုန်လှေများ ပခုက္ကူဒေသ၌ ဆုံကြသည်။ ကုန်များကို ကုန်းပေါ်သို့မတင်ဘဲ လှေပေါ်၌ပင် အရောင်းအဝယ်လုပ်ကြသည်။ ရောင်းလှေနှင့် ဝယ်လှေများကွဲပြားအောင် ကုန်ရောင်းသည့်လှေများက အလံထောင်ထားရသည်။ ကုန်စည်များ ရောင်း၍ကုန်လျှင် အလံကိုလှဲထားရသည်။

    (more…)

  • နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

    နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

    “မင်းအောင်လှိုင်တပ်တွေ ကချင်ပြည်နယ်ထဲ လမ်းပျောက်ကုန်တယ်ထင်ပါရဲ့။ ကြားထဲ AA တပ်သားတွေကပါ စစ်ကောင်စီတပ်လမ်းပျောက်အောင် ကချင်ပြည်နယ်မှာ ကူညီပေးနေကြ”

    ငတွန်

    ဒီရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လုပ်နေတဲ့ပုံစံတွေကိုတွေ့တော့ ဖတ်ခဲ့ဖူးတဲ့စာတချို့ထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူကျနေပါလားလို့တောင် တွေးမိတယ်။ အကျဉ်းချုပ်ပြောပြရရင် ၁၇၅၀ ခုနှစ်ကာလတွေတုန်းက အင်းဝနန်းဆက်ပျက်သုဉ်းပြီး ဟံသာဝတီထီးနန်း ပြန်ခေါင်းထောင်လာချိန် မုဆိုးဖိုဦးအောင်ဇေယျဆိုတဲ့ နာမည်ဟာလည်း တဖြည်းဖြည်းထင်ရှားလာတယ်။

    နောက်တော့ တဖြည်းဖြည်းနဲ့ မုဆိုးဖိုဦးအောင်ဇေယျဟာ ဟံသာဝတီကသိမ်းထားတဲ့ အင်းဝကိုပြန်သိမ်းပြီး ဟံသာဝတီဘုရင်နန်းစိုက်တဲ့ မြို့တော်အထိကိုပါ စစ်ချီပါလေရော။ ပြောရရင် ဦးအောင်ဇေယျရဲ့ မုဆိုးဖိုတပ်တွေက အဖက်ဖက်မှာ အနိုင်ရပြီး ဟံသာဝတီမြို့တော်နားထိရောက်လာတယ်။ အဲဒီမှာ ဟံသာဝတီဘက်က အတွေ့အကြုံရင့်တဲ့ တလပန်းဆိုတဲ့ စစ်သူကြီးဟာ သူ့တို့တပ်တွေ နေရာစုံမှာရှုံးနေပေမဲ့ ဦးအောင်ဇေယျ ယာယီစခန်းချနေတဲ့မြို့ကို ဇွတ်တိုးတိုက်ဖို့ စီစဉ်တယ်။

    ဦးအောင်ဇေယျရဲ့သားတစ်ယောက်ကတော့ ဟံသာဝတီတပ်တွေ ကမူးရူးထိုးဝင်လာကြတဲ့အတွက် အပိုင်ပဲဆိုပြီး တန်ပြန်တိုက်ဖို့ ကြံတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျရဲ့ လက်ရုံးဗိုလ်ချုပ်ကတော့ အဲဒီအကြံဟာမကောင်းဘူး တဲ့တိုးတက်လာတဲ့ ဟံသာဝတီတပ်ကို တဖြည်းဖြည်းဝိုင်းပြီး အင်အားချည့်နဲ့အောင်လုပ်မယ်လို့ ဆိုတယ်။ ဘာလို့လည်းဆိုတော့ ဦးအောင်ဇေယျဆီ တက်လာတဲ့ ဟံသာဝတီတပ်က စစ်သူကြီး တလပန်းဟာ အရင်အင်းဝနန်းတော်ကိုသိမ်းတုန်းကလည်း အဲဒီဗျူဟာသုံးပြီးတိုက်ခိုက်ခဲ့တာကြောင့်ပါ။

    (more…)

  • အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

    RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။

    ” ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့” ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=nsW6_6sxthI[/embedyt]

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ ပြောဆိုနေကြသည်။

    #RedNewsAgency

     

  • ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ” နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ” 

    နောင်ရိုး

    အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့ ပရဟိတသင်တန်းကျောင်း တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ပြီး ရန်ပုံငွေတွေကိုခိုးယူခဲ့ကြပါတယ်။

    ထင်ရှားတဲ့သာဓကတွေအနေနဲ့ စုအသက် မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာမြို့နယ်) ရဲ့ ကျောင်းအုပ် ဦးဇော်သက်လင်းကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့မှာတော့ လူရုပ်တောင်မပေါ်တော့တဲ့အထိ နှိပ်စက်ထားတဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။အာဏာစသိမ်းစဉ်က လူထုသဘောဆန္ဒကို ပေါ့တန်တန်သဘောထားခဲ့တဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝှမ်းကို သေချာမအုပ်ချုပ်နိုင်သေးပါ။

    (more…)