နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ

RNA_ဩဂုတ်(၂၃)၊၂၀၂၃ ခုနှစ်။
 
နိုင်ငံ့အကျိုးထက် မိသားစုအကျိုး၊ နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ မင်းအောင်လှိုင်တို့အုပ်စု၏ လုပ်ရပ်များ ဖြစ်သည်ဟု ဗိုလ်နဂါး၏ သဘောထားအမြင်များကို ယမန်နေ့ညကပြောသည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။
 
“ပြည်သူကို သူတို့ဘာတွေလုပ်ပေးနေပါတယ်၊ ဘာတွေတိုးတက်အောင်လုပ်ပေးနေပါတယ်ဆိုပြီး စကားလုံးတွေနဲ့ပဲပြောပြီးတော့ ပြည်သူ့အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားပဲလုပ်သွားကြတဲ့ အုပ်စု၊ နိုင်ငံရေးတပိုင်းလုပ်ပြရင်းနဲ့ မိမိမိသားစုအကျိုးစီးပွားကို များများလုပ်နေတဲ့အုပ်စု အဲဒါမင်းအောင်လှိုင်တို့အုပ်စု” စသဖြင့် ဗိုလ်နဂါးက နိုင်ငံရေးမှာ အကျိုးစီးပွားလုပ်နေသူများကိစ္စနှင့် ပတ်သက်ပြီးသဘောထား အမြင်များ ပြောကြားထားမှုကို ကောက်နုတ်တင်ပြလိုက်ပါသည်။

 
ဗိုလ်နဂါးအနေဖြင့် လက်နက်ကိုင်ပြီး အနိုင်ကျင့်နေသည့်လုပ်ရပ်မျိုးမရှိကြောင်း၊ ရှိသည်ဟု ထင်ပါက တိကျသည့်အချက်လက်နှင့် မည်သူမဆို လာရောက်ပြောကြားနိုင်ကြောင်း၊ ဆဲခြင်းဆိုခြင်း ပွဲစည်သည့် ဒီနိုင်ငံမှာ ယင်းလုပ်ရပ်များကို လိုက်မတုရန်လည်း အားပေးထောက်ခံသူများကို ပြောကြားထားသည်။
 
#RedNewsAgency
By Editor