RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။
မွန်ပြည်တော်လှန်ရေးတပ် – MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။
မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ တိုက်ပွဲပေါင်း ၃၁ ပွဲ ဖော်ဆောင်နိုင်မှုအခြေအနေစသည့် စစ်ရေးအခြေအနေများများကို ဖော်ပြထားသည်။
မွန်ပြည်တော်လှန်ရေးတပ်သည် မွန်လူမျိုးနှင့် မွန်ပြည်နယ်အခြေပြုကာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ဗိုလ်မှူးထူး ( လက်ရှိတပ်ရင်းမှူး နိုင်ဒရာဂွန်) ဦးဆောင်ပြီး လူ (၇) ဦး၊ လက်နက် (၃) လက်ဖြင့် ရေးမြို့နယ်တောင်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ပထမဆုံးတိုက်ပွဲအဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မွန်ပြည်နယ်တောင်ပိုင်း ရေးမြိုကနယ် ခေါဇာမြို့စခန်းအား သွားရောက်တိုက်ခိုက်သည့် စစ်ဆင်ရေးမှစတင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ်လအတထိ စစ်ဆင်ရေးများအတွင်း တိုက်ပွဲ ၆၉ ခုထိဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
#RedNewsAgency #REDNEWS #rna #MSRF