သရက်ချောင်း

သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်စုဗုံးကြဲ၊ ဒေသခံ (၄) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်စုဗုံးကြဲ၊ ဒေသခံ (၄) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း သရက်ချောင်းနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၄) ဦး သေဆုံးခဲ့ပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။ အောက်တိုဘာ (၃၀) ရက် နေ့လည် (၁၂) နာရီဝန်းကျင်က KNU ထိန်းချုပ်နယ်မြေ သရက်ချောင်း (ကစယ်ဒို)မြို့နယ် ကညင်ချောင်းရွာကို စစ်အုပ်စုက K8W တိုက်ခိုက်ရေးလေယာဉ်ဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေ့လည် (၁၂) နာရီခွဲဝန်းကျင်၌လည်း ပေါင် (၃၀၀) ဗုံး (၂) လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း…
Read More
မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

မွန်ပြည်တော်လှန်ရေးတပ်အနေဖြင့် စစ်ဆင်ရေးမှာ အရှိန်မြှင့်ဖော်ဆောင်နေ

RNA_စက်တင်ဘာ(၂)၊၂၀၂၅ခုနှစ်။ မွန်ပြည်တော်လှန်ရေးတပ် - MSRF အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်( တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနှင့် သရက်ချောင်းမြို့နယ်အထိ ဖြန့်ကျက်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နေသည်ဟု သိရသည်။ မွန်ပြည်တော်လှန်ရေးတပ် စစ်ဆင်ရေးသုံးနှစ်ပြည့် ( ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်) အစီရင်ခံစာတွင် စစ်ဆင်ရေးများ အရှန်မြှင့်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နှင့် ညီနောင်တပ်ဖွဲ့ အဖြစ် ဖွဲ့နိုင်ခြင်းများ၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ အထိ…
Read More