ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ ရိုဟင်ဂျာများနှင့်တွေ့ဆုံ

Written by

in

RNA_စက်တင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။
အာရက္ခပြည်၊ မောင်တော့မြို့ရှိ ရိုဟင်ဂျာများနှင့် အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံကာ စက်တင်ဘာ (၁၂) ရက်နေ့က ၁၃ နှစ်ကြာ ပိတ်ထားခဲ့သော မောင်တောဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု Arankan Princess Media က သတင်းထုတ်ထားသည်။

အာရက္ခတပ်တော် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမြို့ပေါ် ဂျာမေဗလီကြီးတွင် ရိုဟင်ဂျာများနှင့် ဩဂုတ်လ (၃၀) ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ခြင်းခံခဲ့ရသော မောင်တော ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်တော ဂျာမေဗလီကြီးကို အာရက္ခတပ်တော်မှ ပြန်လည်ဖွင့်လှစ်ပေးသည့် အခမ်းအနားတွင် ရိုဟင်ဂျာ ဘာသာရေးခေါင်းဆောင်များ၊ အာရက္ခတပ်တော် တာဝန်ရှိသူများ၊ ဒေသတွင်း ရခိုင်မျိုးနွယ်စုများအပါအဝင် လူဦးရေ ၃၀၀ ကျော်တက်ရောက်ခဲ့သည်။