Red News Agency

Independent Journalism for Justice and Human Rights.

Author: RNA Editor

  • ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
     
    “ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TVjrW5PuBlA[/embedyt]
    Red News Agency

  • စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းတိုက်ခိုက်စဉ် တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံး

    စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းတိုက်ခိုက်စဉ် တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံး

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး-ထိန်စမ်းလမ်းမှစတင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းနှင့် ထိန်စမ်းကျေးရွာ၏တောင်ဘက်၊ ရွာမကျေးရွာအနီးစသည်တို့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်အထိနာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းသည် ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာနှင့်ရွာမကျေးရွာအနီးတဝိုက်ကို အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးခဲ့ရာ ၂၆ ရက််၊၂၇ ရက်များတွင် ရွာမကျေးရွာအတွင်း နေအိမ် (၂၀) ကျော်ကို မီးရှို့ခဲ့ခြင်း၊ နရွဲတောကျေးရွာ အတွင်းဝင်ရောက်စီးနင်းပြီး နေအိမ် (၃၃) အိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု Chauk Revolution Army ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။
     
    မြေပြင်တိုက်ပွဲပြင်းထန်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်ခံရမှုများအကြား အညာဒေသတွင်း ပညာသင်ယူရေးခက်ခဲနေမှုနဲ့ ကြိုးစားရုန်းကန်နေရသော အခြေအနေများကို တင်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=GvVDGQ57f08[/embedyt]
    #RedNewsAgecny

  • ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

    ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

    RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။

    “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ ရွာမှာမရှိတော့ဘူး အမျိုးသား ၃ ဦးကိုလည်း ဖမ်းသွားသေးတယ်” ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တဦးက ပြောကြားထားသည်။

    (more…)

  • အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

    အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင််််််းဖြစ်​ကြောင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း “မချစ်လို့ ပစ်သတ်မှု” ဟု နာမည်ကြော်ကြားခဲ့သည့် အမှုဖြစ်ပြီး၊ ပစ်သတ်ခံရသူ မယုမွန်ထိုက်နှင့် ပစ်သတ်သူတို့သည် သမီးရည်းစားများမဟုတ်ကြောင်း မိသားစုဝင်များက ပြောကြားထားသည်။

    (more…)

  • စစ်မှုထမ်းအကောင်အထည်ကို မြို့ပေါ်ထက် ကျေးရွာများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေ

    စစ်မှုထမ်းအကောင်အထည်ကို မြို့ပေါ်ထက် ကျေးရွာများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေ

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီတပ်၏ တပ်သားသစ်လိုအပ်ချက်အရ စစ်မှုထမ်းအကောင် အထည်ဖော်ရာတွင် မြို့ပေါ်ထက် ကျေးရွာများကို ပစ်မှတ်ထားလုပ်ဆောင်မှုနှင့်အတူ လူသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်လည်း သတင်းပေါက်ကြားမှုနည်းအောင် လုပ်ဆောင်နေကြောင်း သိရသည်။

    (more…)

  • ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    နေ့စွဲ – ၂၃၊ ၁၀၊ ၂၀၂၄ ခုနှစ်။

    Red News Agency ၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


    (more…)

  • ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    “ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်”

    ကျော်ရန်နိုင်

    မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။

    အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာကနေ စစ်ဘေးမရှောင်နိုင်လို့ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ခေါင်းဖြတ်၊ ခြေဖြတ် လက်ဖြတ်မှုတွေနဲ့အတူ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဘုတလင်ဘက်ကို အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းကနေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်ဆိုရင် ဒီလိုဆိုးဆိုးရွားရွားတွေလုပ်နေတဲ့ စစ်ကြောင်းက တပ်မ (၃၃)ပါဝင်သလို သံတောင်က အထူးကွန်မန်ဒို သင်တန်းဆင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ကြောင်း ဘယ်နေ့ကနေ စထွက်လာပြီး ဘုတလင်မြို့နယ်ထဲမှာ ဘယ်လောက်ဆိုးဆိုးရွားရွားတွေလုပ်နေတာလည်းဆိုတာကို ပြောပြချင်ပါတယ်။

    (more…)

  • အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။


    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    “တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်”

    ရန်ုနိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ…?

    အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

    တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြောင့် စစ်ကောင်စီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာချိန်မှာတော့ ညီနောင်တပ်ဖွဲ့ တွေ ထိုးစစ်ရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအမြောက်အများ ရှိနေပေမယ့် မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားလေ့မရှိတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်တွေအပေါ် မည်သို့သော ကတိကဝတ်တွေ ရှိနေနိုင်လဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

    (more…)