Author: RNA Editor

  • NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံကာ စစ်ရေးလိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မြေပြင်ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့ပါဝင်ခဲ့သည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။

    (more…)

  • ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

    ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။

    ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရပြီး စွန့်ပစ်ခံထားရသူ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆၀) ဦးအား DKBA က လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းလမ်းစရိတ်အဖြစ် ပေးကာ ထိုင်းအာဏာပိုက်များထံ ယနေ့ လွှဲအပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • နွေဦးတော်လှန်ရေးသည် လူမှုလူတန်းစားအားလုံး အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်သည်ဟု ဒူဝါလရှီးလ ပြော

    နွေဦးတော်လှန်ရေးသည် လူမှုလူတန်းစားအားလုံး အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်သည်ဟု ဒူဝါလရှီးလ ပြော

    RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။

    နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သလို၊ လူမျိုးရေးအရလည်း လွတ်မြောက်ရေး ဖြစ်သည့်အပြင် လူမှုလူတန်းစားအားလုံးဟာ အဖိနှိပ်ခံဘဝမှ အလုံးစုံလွတ်မြောက်ရေးဖြစ်သည်ဟု (၇၈) ကြိမ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

    (more…)

  • တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    #rednews #rednewsagency #rna #myanmar #revolution

  • ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် ကမ္ဘာမကြေသီချင်း

    ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် ကမ္ဘာမကြေသီချင်း

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၅ခုနှစ်။

    ရှစ်လေးလုံး လူထုအရေးတော်ပုံအတွင်း ကမ္ဘာမကြေသီချင်းက အာဏာရှင်ဆန့်ကျင်ရေးအတွက် ဘယ်လောက်အရေးကြီးခဲ့သလဲ၊ နွေဦးတော်လှန်ရေးမှာ ကမ္ဘာမကြေသီချင်းနှင့် ချီတက်နေကြရသည်ဟု ရှစ်လေးလုံးအရေးတော်ပုံကာလ ကျောင်းသားသမဂ္ဂမှာပါဝင်ခဲ့သူ နွေဦးတော်လှန်ရေးတွင်လည်း ပါဝင်နေသူ တစ်ဦးက ပြောပြထားသည်။

    #rednewsagency #RedNews #RNA

  • တေးရေးဆရာ နိုင်မြန်မာ ဈာပနမြင်ကွင်း

    တေးရေးဆရာ နိုင်မြန်မာ ဈာပနမြင်ကွင်း

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၅ ခုနှစ်။

    ရှစ်လေးလုံး လူထုအရေးတော်ပုံ၏ နာမည်ကြီး “ကမ္ဘာမကြေဘူး” တေးသီချင်းရေးစပ်ခဲ့သူ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ (အသက် ၆၈ နှစ်) ၏ ဈာပနအခမ်းအနားကို ယနေ့ နေ့လယ်က ရေဝေးသုသာန်မှာ ကျင်းပခဲ့သည်။

     

    #RedNewsAgency #REDNEWS #RNA

  • ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    ပွင့်ဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၃၀) ခန့် ထိခိုက်နိုင်

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံနှင့် သုံးမိုင်ပေါက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ခန့်ထိခိုက်နိုင်သည်ဟု မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း – ပွင့်ဖြူ PDF ထံမှ သိရသည်။
     
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မဲဇလီတံတား တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် နေ့လယ် ၂ နာရီကျော်တွင် မိနစ် (၃၀) ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကောင်စီတပ်သည် ကြီးအုံကြီးဝ တမံသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှ ၆ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    (more…)

  • ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၅ခုနှစ်။

    ဆရာနိုင်မြန်မာ ကွယ်လွန်သည့် သတင်း၊ ပဲခူးရိိုးမမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီီးသေဆုံးမှုများရှိသည့်သတင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ဒရုန်းနှင့်တိုက်ခိုက်ခံရသောသတင်း၊ ကရင်နီဝံပုလွေစစ်ကြောင်းမှ ရဲဘော် (၂) ဦးကျဆုံးခဲ့ရသည့် သတင်းနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်းမှ စစ်သုံ့ပန်းများကို ကယ်ထုတ်သည့်သတင်းများကို တင်ဆက်ထားသည်။

    #RedNewsAgency #RedNews #RNA

  • အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

    အင်းတော်ရှိ စစ်ကောင်စီတပ်၏ ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ABSDF၊ KPDF နှင့် အင်းတော်အထူးတိုက်ခိုက်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ထားမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် ဂျပန်လှိုက်ဂူ၏ ကာကင်းတစ်ခုဖြစ်သည့် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

    အင်းတော်‌ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကစတင်ပြီး အပြင်းအထန် တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့ပြီးပြီး နောက်နေ့မှာပင် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    (more…)

  • ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။

    ရေးဘီလူးတပ်ဖွဲ့က အချုပ်သား (၃) ဦးကိုယ် ကယ်ထုတ်နိုင်သည့် သတင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အစ်ကိုနှင့် တော်လှန်ရေးရဲဘော် ညီဖြစ်သူတို့ တွေ့ဆုံံံံံသည့် သတင်း၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် (၉) ဦးသေဆုံးခဲ့ရသည့်သတင်းနှင့် ပြည်သူတစ်ဦးက NUG ထံ အကြံပြုစာတို့ကို တင်ဆက်ထားခြင်းဖြစ်သည်။

    #rednews #rednewsagency #rna #revolution #myanmar #burma #spring