Author: RNA Editor
-

စစ်သုံးစစ်တိုက်ဖျက်ရေးနှိုးဆော်ထားတဲ့ တော်လှန်လူငယ်တွေ့ဆုံပွဲ
RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။စစ်အာဏာရှင်အမြစ်ပြတ်ရန်အတွက် စစ်သုံးစစ်တိုက်ဖျက်ရေးနှိုးဆော်မှုများစသည်တို့ကို ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲဖြစ်သည်။ -

လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ
RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ -

ယနေ့အတွက် Red News Agencyမှ တင်ဆက်ထားသော သတင်းများ
RNA_ဖေဖော်ဝါရီ(၄)၊၂၀၂၅ခုနှစ်။ယနေ့ ပြောပြချင်သည့် သတင်းတွေကတော့ စစ်ကောင်စီဂိတ်စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး (၅) သေဆုံးခဲ့တဲ့သတင်း၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်ပြီး မီးရှို့နိုင်ခဲ့တဲ့သတင်း၊ NUG ပညာရေး ဒုဝန်ကြီး မြေပြင်ဆင်းပြီး ဒေသခံများနှင့် တွေ့ဆုံသည့်သတင်း၊ နိုင်ငံလုံးဆိုင်ရာ တော်လှန်လူငယ်တွေ့ဆုံပွဲသတင်းနှင့် မင်းတုန်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့် သတင်းများဖြစ်ပါတယ်။Red News Agency -

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ
RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။
မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=RbmIJi8OtXA[/embedyt]
#RedNewsAgency #RNA
-

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများအတွက် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) သင်တန်းဆင်း
RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၅ခုနှစ်။
ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
NUG/MOD – PDF တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)များ၏ နည်းစနစ်များ၊ လမ်းညွှန်ကွပ်ကဲမှုများဖြင့် လက်တွေ့ပစ်ခတ်မှုအများဆုံးနှင့် အကောင်းဆုံး ၄လခွဲကြာ လေ့ကျင့်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု SOF ကယနေ့ ထုတ်ပြန်ထားသည်။
-

စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု
RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။#RedNewsAgency #REDNEWS #RNA -

ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး
RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။
ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
-

စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး
RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။ -

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု
RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
-

ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်
RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ကော်သူးလေတည်ဆောက်ရန်အတွက် တစ်ယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့် အတူလက်တွဲ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် သတင်းစကားပါးထားသည်။