ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။

ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရပြီး စွန့်ပစ်ခံထားရသူ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆၀) ဦးအား DKBA က လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းလမ်းစရိတ်အဖြစ် ပေးကာ ထိုင်းအာဏာပိုက်များထံ ယနေ့ လွှဲအပ်ခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကျောက်ခက်ကျေးရွာမှ ကျားဖြန့်ကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်ထံ လွှဲပေးခဲ့သည့်အတွက် ထိုင်း စစ်တပ်နှင့်ရဲ အင်အား ၃၀၀ ခန့် လွှဲပြောင်းလက်ခံခဲ့ကြောင်း၊ မြန်ဘက်အခြမ်းတွင် ကျားဖြန့်ကြောင့် ဆက်လက်ဖမ်းဆီးခံထားရသူများ ရှိနေသေးသော်လည်း နေရာအတိအကျမသိရသေးသည့်အတွက် DKBA မှဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန် ရောင်းချခြင်း လုပ်ငန်းများ၊ ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသော တရုတ်လူမျိုးများ အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ ဘုရားသုံးဆူ မြို့မှ အမြန်ဆုံးထွက်ခွါပေးကြရန်နှင့် လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု DKBA ကထုတ်ပြန်ထားသည်။

#rednewsagency #rednews #myanmar #rna #

By RNA Editor