Author: RNA Editor

  • အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။

    မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု သိရသည်။

    ဓာတ်ပုံ : ပုံဟောင်း

    (more…)

  • လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    လွတ်မြောက်နယ်မြေ ရရှိရေး ကြိုးပမ်းနေသော Myingyan Black Tiger

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အခြေချလှုပ်ရှားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger အနေဖြင့် မြင်းခြံခရိုင်အတွင်း လွတ်မြောက်နယ်မြေရရှိရေး ကြိုးပမ်းနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=7srwNBh569A[/embedyt]

    #RedNewsAgency #REDNEWS #RNA #MBT

  • ယနေ့ အတွက် Red News သတင်းများ

    ယနေ့ အတွက် Red News သတင်းများ

    ပွင့်ဖြူမြို့နယ်က တိုက်ပွဲ၊ ကျားဖြန့် ကိစ္စ၊ လွတ်မြောက်နယ်မြေရရှိရေးကိစ္စ၊ ယူကရိန်း ရုရှား စစ်ပွဲ ကိစ္စများကို တင်ဆက်ပေးထားသည်။

    Red News Agency

  • သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

    သမိုင်းကိုလည်း မအနဲ့ …အာဏာရှင်ဆိုတာလည်း မမေ့နဲ့

    “အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက် ၎င်းလိုအပ်သည့် အာဏာမျိုးဖြစ်ပါတယ်။ စစ်အာဏာရှင်များဖြစ်တဲ့နေဝင်းအာဏာစသိမ်းမှုမှ စပြီး ယနေ့မင်းအောင်လှိုင်အာဏာသိမ်းမှုမှာ ပြည်သူများရဲ့ အကျိုးစီးပွားတိုးတက်မှုကာကွယ်ဖို့ အသာထား၊ ဆင်းရဲကြပ်တည်းမှုမျိုးစုံ ရင်ဆိုင်ကြုံရခြင်းသည် အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်”

    ပင်လယ်သူ

    မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈ -၁၉၇၄ )တွင် ပြည်ထောင်စုသမ္မတများအဖြစ် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ စဝ်ရွှေသိုက် ၄ နှစ် ၇၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးဘဦးသည် ၄နှစ် ၃၆၂ရက်၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ မန်းဝင်းမောင်သည် ၄နှစ် ၃၅၄ရက်ကြာ အုပ်ချုပ်ရေးတာဝန်ယူခဲ့ကြပါတယ်။

    တပ်မတော်မှကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နေဝင်းမှာ ၁၉၆၂ မတ်လ ၂ ရက် မှ ၁၉၇၄ခုနှစ် မတ်လ ၂ ရက်နေ့ထိ (၁၂) နှစ်ကြာ တော်လှန်ရေးကောင်စီဥက္ကဌအဖြစ်အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်တွင် နေဝင်း (အငြိမ်းစားဗိုလ်ချုပ်ကြီး) ဦးဆောင်ကာ တစ်ပါတီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပြီး ၇ နှစ်နှင့် ၂၅၂ ရက်ကြာ အုပ်ချုပ်ပြန်ပါတယ်။ သူသည် ( ၁၉၅၈ -၁၉၆၀)၊ (၁၉၆၂ -၁၉၇၄ )မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၅၈ ခုနှစ်တွင် အာဏာရအရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်နေဝင်းမှ လွှဲပြောင်းယူပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ထိုအစိုးရမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးသော အိမ်စောင့်အစိုးရအဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၁၉၆၀-ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိခဲ့သော ဦးနုကို အာဏာပြန်လွှဲပေးခဲ့ပါတယ်။ ဦးနု သို့မဟုတ် သခင်နုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာအမျိုးသားခေါင်းဆောင်နှင့် နိုင်ငံရေးသမား ဖြစ်ပြီး နိုင်ငံ၏ဝန်ကြီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် နေဝင်းဦးဆောင်သော တပ်မတော်သည် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော ဖဆပလ အစိုးရထံမှ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

    (more…)

  • ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ယနေ့ မြ၀တီမှဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ တရုတ်အစိုးရက ပြန်လည်ခေါ်ထုတ်နေသည်။
     
    ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို BGF ကတဆင့် ပြန်လည်အပ်နှံကာ မြ၀တီမြို့တွင် ထောင်ကျော်ရှိနေကြောင်း၊ တရုတ်အစိုးရမှ တရုတ်နိုင်ငံသားများကို ယနေ့ စတင်ကာ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် မဲဆောက်လေဆိပ်သို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

    (more…)

  • ကျားဖြန့်နှင့်မူးယစ်ဆေးကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော

    ကျားဖြန့်နှင့်မူးယစ်ဆေးကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF ခေါင်းဆောင် စောချစ်သူပြော

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၅ခုနှစ်။
    ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF/KNA) နယ်မြေအတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများနှင့် မူးယစ်ဆေးကိစ္စကို ပြတ်ပြတ်သားသားရှင်းလင်းမည်ဟု BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ယနေ့ မြဝတီမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

    (more…)

  • ယနေ့အတွက် သတင်း

    ယနေ့အတွက် သတင်း

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီတပ်ဂိတ်စခန်း (၃) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း၊ စစ်ကောင်စီတပ်က ကျေးရွာသားတွေကို လူသားဒိုင်းလုပ်တဲ့သတင်း၊ ရိုဟင်ဂျာတွေကို စစ်တွေပို့လိုက်တဲ့ သတင်း၊ လူကုန်ကူးခံရသူတွေ ထပ်ပြီးလွတ်လာဖို့ ရှိသတင်းများကို တက်ဆက်ပေးထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA

  • ပြေးပေါက်ပိတ်သွားသော စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် 

    ပြေးပေါက်ပိတ်သွားသော စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် 

    “မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ သူတို့ရဲ့ အဆင့်အမြင့်ဆုံး အကြီးအကဲ အာဏာရှင်စစ်ခေါင်းဆောင်တွေကို ဖမ်းရဲရင် ပြန်ဖမ်းနိုင်ခွင့်ရထားတဲ့ ဌာနတစ်ခုဖြစ်လာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တရားရုံးကနေ Universal Jurisdiction အရ ဖမ်းဝရမ်းအထုတ်ခံရပြီး အရေးယူခံဖို့ ဆုံးဖြတ်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ ရာဇဝတ်သား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရောက်ရှိသွားခဲ့ပါပြီ”

    ကေဂျီ

    ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ကျူးလွန်ခဲ့မှုမှာ အဓိက တာဝန်ရှိသူနေရာကပါဝင်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုချုပ်စိုးဝင်း အပါအဝင် စစ်တပ်က ၂၂ ဦးနဲ့  အရပ်သား ၃ ဦး စုစုပေါင်း ၂၅ ဦးကို အာဂျင်တီးနားနိုင်ငံ ဘူရီနို့စ်အေးရီး (Buenos Aires) မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဖေဖော်ဝါရီ ၁၃ မှာ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးဖို့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း UK (BROUK) တို့က ပူပေါင်းအမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)က ပံ့ပိုးကူညီခဲ့တယ်လို့သိရပါတယ်။

    ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ နေထိုင်ခံစားနေရတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် တရားမှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်တယ်လို့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဆိုပါတယ်။ တဆက်ထဲမှာပဲ စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေးအတွက် ပြည်ပနိုင်ငံ တရားရုံးတွေကို တင်သွင်းထားတဲ့ အမှုတွေထဲမှာ တူရကီနိုင်ငံတရားရုံးက ၂၀၂၂ ခုနှစ် ဇွန်လက စတင်ပြီးစုံစမ်းနေဆဲဖြစ်တဲ့အကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဖော်ပြထားပါသေးတယ်။ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ အပါအဝင် နောက်ထပ်နိုင်ငံတွေရဲ့ တရားရုံးတွေကနေလည်း လက်ရှိထွက်ပေါ်လာတဲ့ စစ်ကောင်စီကို ဖမ်းဝရမ်းထုတ်အရေးယူခြင်းမျိုးတွေ ဆက်လက်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ ထပ်မံထွက်ပေါ်လာဖို့လည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ ၁၄ က ဦးအောင်မျိုးမင်းရဲ့ ဆိုရှယ်မီဒီယာ Facebook အကောင့်မှာ တင်ထားပါတယ်။

    (more…)

  • နေရပ်ပြန်လိုသော ရွှေက္ကိုမှ နိုင်ငံခြားသားများကို BGF စာရင်းကောက်ရာ (၄၀၀) ခန့်ရရှိ

    နေရပ်ပြန်လိုသော ရွှေက္ကိုမှ နိုင်ငံခြားသားများကို BGF စာရင်းကောက်ရာ (၄၀၀) ခန့်ရရှိ

    RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၅ ခုနှစ်။

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုတွင် နေရပ်ပြန်လိုသည့် တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၄၀၀ ခန့် စာရင်းကောက်ယူရရှိထားပြီဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုရှိ ဟိုတယ်များ၊ ကာစီနိုများ၊ စားသောက်ဆိုင်နှင့် KTV များစသည့် အဆောက်အအုံများကို လက်နက်အပြည့်အစုံနှင့် BGF တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက နေရပ်ပြန်လိုသော နိုင်ငံခြားသားများကို ရှာဖွေမှုပြုလုပ်ရာတွင် နေရပ်ပြန်လိုသော နိုင်ငံခြားသား ၄၀၀ ခန့် ရရှိထားကြောင်း သိရသည်။

    (more…)

  • ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ

    ယနေ့အတွက် Red News Agency မှ တင်ဆက်သော သတင်းများ
    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။
     
    ရွှေကုက္ကိုက တရုတ်များ စက်သုံးဆီကို ရသလောက်ဝယ်ယူနေကြောင်း၊ တေးရေးဆရာ နိုင်မြန်မာအား ရည်စူးပြီး ကုသိုလ်ပြုလုပ်ပွဲ၊ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရမှု သတင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ တိုးတက်ဖို့အတွက် ကာစီနီုလောင်းကစား ဥပဒေမူကြမ်း အပြီးသတ်ရေးဆွဲနိုင်ခဲ့သည့် သတင်းစသည်တို့ကို တင်ပြထားသည်။
     
    #RedNewsAgency #RNA #rednews