RNA Editor

300 Posts
နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။ (more…)
Read More
မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။ နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ (more…)
Read More
ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်လုပ်ရာ၌ လဝက ဝန်ထမ်းများ ငွေပိုတောင်းနေ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းများက ငွေပိုတောင်းမှုများရှိကြောင်း အကျိုးဆောင် (ပွဲစား) နှင့် ဒေသခံများထံမှ သိရသည်။ "ရုံးမှာရှိတဲ့ စစ်ကောင်စီဘက်က ၁၀၀၀၀ တိုးတောင်းနေတာ ကျနော်တို့က တိုးတောင်းရင် မကောင်းတော့ဘူးလေ လုပ်တဲ့လူတွေဘက်လဲပြန်ကြည့်ရမယ်လေ ကျနော်တို့ကစာရွက်စာတမ်းကြေးနဲ့ ဘာမှမကျန်ပါဘူး" ဟု မှတ်ပုံတင်လိုက်လံလုပ်ဆောင်ပေးသည့် အကျိုးဆောင် တစ်ဦးက ပြောသည်။ (more…)
Read More
PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA၏ အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ "ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် မိမိတို့အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း" PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားထားသည်။ (more…)
Read More
အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

အာဆီယံအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန် အရပ်ဖွဲ့အဖွဲ့အစည်းများ အကြံပြုတောင်းဆို

RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစသ်အားလုံးကို ရပ်တန့်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆို အကြံပြုထားသည်။ အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင် ဖြေရှင်းမှု” ရည်ရွယ်ချက်အပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်းတွင် အကြံပြုချက်နှင့် တောင်းဆိုချက်များတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်စသည့် အချက်များ ပါရှိသည်။ (more…)
Read More
ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပန်ချယ်၊ ရွှေတွင်းလမ်းဆုံ၊ ရာလားတီးကျေးရွာများတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များကို တိုက်တုတ်ပြီး အောင်ပွဲဖြင့်ပြန်လာကြသော KIA၊ KPDF၊ NPDF ပူးပေါင်းအဖွဲ့အား ဖားကန့်ပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကြိုဆိုခဲ့ကြောင်း နွေဦးရောင်နီအဖွဲ့ထံမှ သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် ဒရုန်းဗုံးကြဲရာတွင် ဝိစာရ စိုက်ပျိုးရေးသုံး အဆိပ်ငွေ့ပြားများထည့်သွင်း အသုံးပြုနေ

စစ်ကောင်စီတပ် ဒရုန်းဗုံးကြဲရာတွင် ဝိစာရ စိုက်ပျိုးရေးသုံး အဆိပ်ငွေ့ပြားများထည့်သွင်း အသုံးပြုနေ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီတပ်မှ တိုက်ပွဲများအတွင်း ဒရုန်းဗုံးအသုံးပြုရာတွင် ဝိစာရစိုက်ပျိုးရေးဆေးများရောင်းချသည့် ကုမ္ပဏီမှ ထုတ်လုပ်အသုံးပြုနေသော S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကိုထည့်သွင်း အသုံးပြုနေကြောင်း သိရှိရသည်။ S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို အသုံးပြုပြီး ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း KNDF က ယနေ့ ထုတ်ပြန်လိုက်သည်။ (more…)
Read More
ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ…
Read More