RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။
မကွေးထောင်ကိုသာ ဖောက်နိုင်ခဲ့ပါက တော်လှန်ရေးအပြောင်းအလဲ အဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ရဲဘော်ထူးလေးကပြော Red News Agency နှင့်အင်တာဗျူးတွင် ပြောပြထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
“ကျွန်တော်တို့နိုင်မှလွတ်တာထက် ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ရှိရင် သူတို့မြန်မြန်ပိုပြီး လွတ်မြောက်လိမ့်မယ်လို့ကျွန်တော်ကခံယူတယ်။ တစ်ချို့ကပြောကြတယ် ငါတို့နိုင်မှအတွင်းထဲကလူတွေကလွတ်မှာ အဲဒီဟာကလည်း ကျွန်တော်တို့ တိုက်ယူမှရလိမ့်မယ် ကျွန်တော်တို့ လုပ်မှရလိမ့်မယ်။ ကျွန်တော်တို့လုပ်ယူမှလည်း ကျွန်တော်တို့တိုက်ယူမှလည်း လွတ်မှာဖြစ်တယ်” ဟု ရဲဘော်ထူးလေးက ပြောသည်။
မကွေးတိုင်း၊ မကွေးမြို့နှင့် ရေနံချောင်းသွားသည့် လမ်းမဘေးရှိ ဒေါင်းနေထောင် (မကွေးထောင်)နှင့် မျက်နှာချင်းဆိုင် (လမ်းသာခြား) ရှိ စစ်ကောင်စီ၏ အမှတ် (၂၅) ရဲတပ်ရင်းကို ဧပြီလ ၁၃ ရက်နေ့ညပိုင်းက ဒေါင်းစစ်အောင် LPDF အဖွဲ့ရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ကြသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA