Author: RNA Editor

  • လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

    လူသားမဆန်သူတွေကြောင့် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော်ကျော်မျိုးသူကျဆုံးခဲ့ရ

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။
     
    စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရန် အပစ်ရပ်ပြောနေစဉ် လူသားမဆန်သည့် စစ်ကောင်စီတပ်သားများကြောင့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်တပ်မတော် – BLPA) မှ တပ်စုမှူး ရဲဘော်ကျော်မျိုးသူ (ခ) ကျော်ကြီး ဇွန်လ ၁၉ ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။

    (more…)

  • နတ်လေရန် လေကြောင်းရန်ကာကွယ်ရေးတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    နတ်လေရန် လေကြောင်းရန်ကာကွယ်ရေးတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)၏ ကာကင်းစခန်းတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော ကာကင်းစခန်းကို ACDF၊ CDF – Asho နှင့် NSA တို့ ပူးပေါင်းပြီး ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ၏ ခွန်ဇူရွာလမ်းခွဲ ကာကင်းစခန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်းပြီး ၁၅ မိနစ်ခန့် ပစ်ခတ်စဉ် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွ ထွက်ပြေးသွားသည့်အတွက် စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးကာ (၁) ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MA (၅) လက်၊ BN 100 စိန်ပြောင်း (၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) ကထုတ်ပြန်ထားသည်။

    (more…)

  • ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

    ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

    RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း 96 Soldiers – PDF (အညာဒေသ) တပ်ခွဲမှ ရဲဘော်ငယ်ထွေး (ခ) ယောက်လုံးသည် ဇွန်လ (၁၉) ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

    ကန့်ဒေါင့်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှီ အင်မထီးရွာမှ ထွက်လာသော ပျူနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲရှိသည့်အတွက် ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျနေသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်နေ့တွင် မဟာမိတ်များနှင့်အတူ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု PLA ကထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲတစ်ပွဲအောင်နိုင်ရန်အတွက် ဆေးတပ်သားက ဘယ်လောက်အရေးကြီးလဲ

    တိုက်ပွဲတစ်ပွဲအောင်နိုင်ရန်အတွက် ဆေးတပ်သားက ဘယ်လောက်အရေးကြီးလဲ

    RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်းအတွင်း တစ်ခုတည်းသော ဆေးတပ်ရင်းအဖြစ်ရှိနေသော ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ – NUG အနေဖြင့် ဘာတွေလုပ်နေလဲ၊ တိုက်ပွဲတစ်ပွဲ အောင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ၊ လက်နက်ကိုင်တိုက်ပွဲများအတွင်း ဆေးတပ်သားများအနေဖြင့် ဘယ်လောက်အရေးကြီးသည့် အခန်းကဏ္ဍမှာရှိသလဲ ဆိုသည့်မေးခွန်းများကို တာဝန်ခံ ရဲဘော်မင်းခေါင်က ဖြေကြားထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #REDNEWS #AhNyar
  • မဟာဗျူဟာအရ အရေးပါသော ကန့်ဒေါင့်ရဲစခန်းမကျရေး စစ်ကောင်စီကြိုးပန်းခဲ့သော်လည်း မအောင်မြင်

    မဟာဗျူဟာအရ အရေးပါသော ကန့်ဒေါင့်ရဲစခန်းမကျရေး စစ်ကောင်စီကြိုးပန်းခဲ့သော်လည်း မအောင်မြင်

    RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီ၏ မဟာဗျူဟာအရ အချက်အချာကျပြီး အရေးပါသော ရဲစခန်းမကျရေးအတွက် လေကြောင်းပစ်ကူများ၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်ပြီး မဟာမိတ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

    ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင်တည်ရှိပြီး၊ အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်ကြောင်း၊ ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် ကပစ ၂၄ တည်ရှိကြောင်း၊ ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခုဖြစ်သည်ဟု PLA ကထုတ်ပြန်ထားသည်။

    (more…)

  • သေနတ်လည်းကိုင် အပ်လည်းကိုင်နေရသည့် သူနာပြုတပ်

    RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။
     
    “သေနတ်ကိုင်ဖို့လာတဲ့သူက အပ်ကိုင်ဖြစ်သွားတာပေါ့” ဟု ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ – NUG တာဝန်ခံ ရဲဘော်မင်းခေါင်က တပ်ဖွဲ့ပေါ်ပေါက်လာသည့် အခြေအနေ တစ်ချို့ကို ပြောပြထားသည်။
    #RedNewsAgency #RNA #RedNews
  • ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

    ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

    RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။

    ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

  • အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

    အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

    RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။

    အညာဒေသအတွင်း စစ်ရေးသတင်းများနှင့်ပတ်သက်ပြီး သတိထားရမည့်အချက်များအပါအဝင် အညာဒေသအခြေအနေများနှင့် အညာဒေသတော်လှန်ရေးရဲဘော်များ သတ္တိကောင်းကြောင်းစသည်တို့ကို ကရင်ပြည်နယ်တိုက်ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကျားဖြူစစ်ကြောင်းမှ ဗိုလ်မှူးကျော်ဟိန်းကပြောပြထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

    #RedNewsAgency #REDNEWS #RNA

  • မိုးဗြဲတိုက်ပွဲတွင် လွိုင်ကော် PDF တပ်ရင်းမှ တပ်စုမှူး ရဲဘော်ကျော်ထက် ကျဆုံး

    မိုးဗြဲတိုက်ပွဲတွင် လွိုင်ကော် PDF တပ်ရင်းမှ တပ်စုမှူး ရဲဘော်ကျော်ထက် ကျဆုံး

    RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။
     
    ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF Alpha -2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ရဲဘော်ကျော်ထက်(ခ) ထက်ကြီးသည် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း သိရသည်။

    (more…)