RNA Editor

301 Posts
ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ…
Read More
ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
အရပ်ဝတ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းလိုက်လံစုံစမ်းနေသော ရဲဒုတပ်ကြပ်နှစ်ဦီးပစ်ခတ်ခံရ

အရပ်ဝတ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းလိုက်လံစုံစမ်းနေသော ရဲဒုတပ်ကြပ်နှစ်ဦီးပစ်ခတ်ခံရ

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းလိုက်လံထောက်လှမ်းနေသော လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့သည် အရပ်ဝတ်ဖြင့် အသွင်ယူနေစဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ (more…)
Read More
အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။  (more…)
Read More
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ #RedNewsAgency #RedNews
Read More
နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့်  နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။ (more…)
Read More
အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ (more…)
Read More
လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ   RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။   SAF တပ်ဖွဲ့၏ စစ်ရေးပြင်ဆင်ထားမှုနှင့် ၂၀၂၅ အတွင်း ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ စစ်ရေးအရ စစ်ကောင်စီကို အသာစီးရထားမှသာ နိုင်ငံရေးအရ အသာစီးရမသွားနိုင်ကြောင်း၊ ပြည်သူများ၏ လိုလားချက်သည် စစ်တိုက်မှရမည်ဆိုပါက တိုက်ကြရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံ၍မရဟု Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #revolution #democracy #Federal
Read More
စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ်၊ နောင်ဝိုးတပ်နှင့် တောင်ခမ်းစစ်ကူသွားသော စစ်ကြောင်းများနှင် DPLA တို့ တိုက်ပွဲဖြစ်ပွားနေ

စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ်၊ နောင်ဝိုးတပ်နှင့် တောင်ခမ်းစစ်ကူသွားသော စစ်ကြောင်းများနှင် DPLA တို့ တိုက်ပွဲဖြစ်ပွားနေ

RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂) နှင့် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်မှစစ်ကူသွားသော စစ်ကြောင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ (more…)
Read More
ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More