RNA Editor

541 Posts
မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် (၁၂) ဦးသေဆုံးပြီး (၃၇) ဦးဒဏ်ရာရရှိ

မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် (၁၂) ဦးသေဆုံးပြီး (၃၇) ဦးဒဏ်ရာရရှိ

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို)မြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် မေလ ၂၅ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေသည့် နေရာအား စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ၅ နှစ် ကလေး (၂) ဦးနှင့် သတို့သမီးပါအဝင် (၁၂) ဦးသေဆုံးကာ (၃၇) ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ (more…)
Read More
ပဲခူးရိုးမအစပ် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသောစခန်းအား ပြောက်ကျားတပ်ဖွဲ့ သိမ်းပိုက်

ပဲခူးရိုးမအစပ် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသောစခန်းအား ပြောက်ကျားတပ်ဖွဲ့ သိမ်းပိုက်

RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင် အင်အား (၃၀) ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ စခန်းကို မေလ ၂၅ ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို ရဲဘော်များက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

အထိနာလာသာ စစ်ကောင်စီတပ်စစ်ကြောင်း ဖားကန့်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးအတွက် အသင့်ပြင်ထားသင့်

RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။ အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။ (more…)
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် NUG ပညာရေးကျောင်းများ ခေတ္တရပ်နား

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် NUG ပညာရေးကျောင်းများ ခေတ္တရပ်နား

RNA_မေ(၂၆)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံများစသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း စသည့်ပစ်ခတ်တိုက်ခိုက်မှုမျိုးစုံဖြင့် လူသားများ အပေါ် စစ်ရာဇ၀တ်မှု (War crimes against humanity) ကို နေ့စဉ် ဆိုးရွားစွာကျူးလွန်နေသည့်အတွက် NUG ပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားရန် ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

RNA_မေ(၂၅)၊၂၀၂၅ခုနှစ်။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော် - Ramonnya Mon Army (RMA) ကို မေလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ NMSP (AD) နိုင်ငံရေး စစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော်၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ပူးပေါင်းထားသည့် (၂) ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။ (more…)
Read More
ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် Cobra Column (FW) များနှင့် ယခင်ဒရုန်းများထွက် စွမ်းအား (၃) ဆခန့်ပိုအားကောင်းသည့် FW Hercules - 3 (FW H3) ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Federal Wings ကအသိပေးထားသည်။ (more…)
Read More
KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ရဲဒုတပ်ကြပ်သီဟအောင်၊ ရဲတပ်သားလှဘုန်း၊ ရဲတပ်သားတို့သည် ပခုက္ကူမြို့ရှိ KTV သို့ မေလ ၁၈ ရက်နေ့က သွားရောက်စဉ် လမ်း၌ Southern Local PDF နှင့်မဟာမိတ်များက ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီလက်အောက်ခံ ရဲ (၃) ဦးကိုဖမ်းဆီးရမိစဉ်အတွင်း လက်ပစ်ဗုံး (၂) လုံး၊ ဖုန်း (၃) လုံး၊ ငွေကျပ် ၂ ကျပ်နီးပါးတို့ကို သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသော ရဲ (၃) ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု Southern Local PDF ကထုတ်ပြန်ထားသည်။ Red News Agency ၏…
Read More
စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။ (more…)
Read More
စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန်ဒေသ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်သောနယ်မြေများနှင့် စိုးမိုးဒေသအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်သည့်အတွက် တာဝန်ထမ်းဆောင်နေသော ကျောင်း ဆရာ/ဆရာမများအား နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းစသည့်တို့ကို ပြုလုပ်သူများအား အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုမှ ထုတ်ပြန်ထားသည်။ (more…)
Read More
လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။ အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။ (more…)
Read More