စစ်ကောင်စီတပ်စခန်းပြုလုပ်ထားသော KNU ဌာနချုပ်ဟောင်းကို KNU ပြန်လည်ရရှိ

Written by

in

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသော ထီးကပလယ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့၏ ဦးဆောင်မှု ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Photo : Thunder Kawthoolei


KNU အနေဖြင့် မာနယ်ပလော ဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ ကေအဲန်ယူ ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့တည်ထောင်ခဲ့သော်လည်း (၂) နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံဆုတ်ခွါခဲ့ရပြီးနောက် (၂၈) နှစ်အကြာ ၂၀၂၅ ခုနှစ် ဇွန်လ (၂၂) ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA