RNAA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် စစ်ကောင်စီတပ် တပ်ကြပ်ကြီး အောင်ဝင်းကိုသည် မူးယစ်သောက်စားပြီးနောက် ကွမ်းယာထွက်ဝယ်စဉ် ပြောက်ကျားအသွင်ဖြင့် အသင့်စောင့်ဆိုင်းနေသော တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲမေများဦးဆောင်အဖွဲ့က လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ (ဇွန်လ ၂၂ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အရပ်ဝတ်အင်္ကျီ အောက်ခံယူနီဖောင်းဝတ်ဖြင့် မူးယစ်သောက်စားပြီး တောင်သာ ပကဖ ရဲမေများ ဦးဆောင်သောအဖွဲ့၏ ဖမ်းဆီးခြင်းခံလိုက်ရသော စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး အောင်ဝင်းကိုသည် မိတ္ထီလာ အမှတ်(၁) တပ်မတော်အကြီးစားစက်ရုံမှဖြစ်ကြောင်း၊ တပ်ကြပ်ကြီးအား ဖမ်းဆီးစဉ် MA1 အမျိုးအစား လက်နက် (၁)လက်၊ ၅.၅၆ ကျည် (၂၅၀)တို့ကိုပါ သိမ်းဆည်းရမိသည်ဟု တောင်သာ ပကဖ ထံမှသိသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA