Tag: SPMNF

  • ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

    ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့

    RNA_ဇွန်(၂၅)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်းအတွင်း တစ်ခုတည်းသော တိုက်ပွဲဝင်ဆေးတပ်ဖြစ်သည့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဆေးရုံ ဆေးခန်းနှင့် ဆေးတပ်သားများအပေါ် အငြိုးအတေးများကြားမှ “ပေါက်တောင်ပိုင်းမှသည် မကွေးတိုင်း တစ်တိုင်းလုံးဆီသို့” ဆိုသည့် ရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းနေသည်ဟု စသဖြင့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF) တာဝန်ခံ ရဲဘော်မင်းခေါင်က ပြောပြသည်။

    #RedNewsAgency #RNA #RedNews

  • တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ကျော်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    RNA_ဇွန်(၂၂)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စခင်းမြို့နယ်အတွင်း ကံပြားကျေးရွာမှစတင်ကာ တင့်ကား (၄) စီးအပါအဝင် အင်အား (၂၀၀) ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းသည် ပုသိမ် – မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် အထိနာနေကြောင်း ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့ (SPMNF)ထံမှ သိရသည်။

    စလင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းအတိုင်း တင့်ကားများနှင့်အတူခြေလျှင်အင်အားများဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင်လည်း ပိတ်ဆည်ရွာမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် (၅) ရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း (၂) ဦးဖမ်းဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိကြောင်း သိရသည်။

    (more…)