Author: Editor
-

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ
RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ နှင့် ရဲဘော် ငြိမ်းချမ်းဦး (ခ) ဓောဓိ တို့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့သည်။ -

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်
“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်”ရန်နိုင် – Wiperမင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်တပ်ပဲဆိုတာ ပြည်သူတွေ ထင်ထင်ရှားရှား သိလာကြတယ်။ အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အမှိုက်တခုလို ဖြစ်နေပြီ ဆိုတာကို ရှင်းရှင်းလင်း သိလိုက်ကြရတယ်။ သမိုင်းတလျှောက် နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ လုံးဝကင်းစင်သွားဖို့ လိုအပ်နေပြီဆိုတာကို တနိုင်ငံလုံးက လက်ခံလိုက်ကြပြီ။“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” လို့ မြန်မာ့နိုင်ငံအရေး စစ်ရေးအနေအထား တွေကို တစိုက်မတ်မတ်အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်က ဒီဗီဘီ သတင်းဌာနမှာ ဆွေးနွေးဖော်ပြထားခဲ့တယ်။ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တစ်စုရဲ့ မြန်မာ နိုင်ငံရေးမှာ အမှိုက်တခုဖြစ်နေပြီဆိုတာကို နိုင်ငံရေးလေ့လာသူတွေတင်မဟုတ်ပဲ ပြည်သူတွေအားလုံးပါ သိနေကြပြီ။ စစ်တပ်မရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတာကြောင့် အချိန်ကြာလေ စစ်တပ်အတွက် လုံးပါးပါးလာတဲ့ အခြေနေတခုကိုရောက်နေရပြီ။ -

စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ
“အခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်ရှောက်မှု မပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်”ဧရာဝတီလင်းပိုင် – Wiperဇူလိုင်လဆန်းပိုင်းကစပြီး ပြည်သူတွေဟာ ဒုက္ခတစ်ခုထပ်တိုးရင်ဆိုင်လိုက်ရတာတော့ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေ ဖမ်းဆီးခံရခြင်းရဲ့ နောက်ကွယ်မှာ ငွေထုတ်ယူမှုပြဿနာဆိုတဲ့ ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပ်ထားတဲ့ ငွေကို သွားရောက်ထုတ်ယူကြရာမှာ ၂ သိန်းမှ ၅သိန်းထိသာ ထုတ်ပေးကြောင်းကို သွားရောက်ထုတ်ယူခဲ့သူများထံမှ သိရှိရပါတယ်။ တစ်နေရာနှင့်တစ်နေရာ ထုတ်ပေးမှု ပမာဏ ကွာခြားချက်များရှိသော်လည်း သေချာတာက တော့ မိမိငွေကို အပ်ထားတဲ့ ပမာဏအတွင်းက လိုသလောက် ထုတ်ယူမရတာတဲ့ အခက်အခဲကတော့ နေရာတိုင်း ကြုံနေရပါတယ်။ မှတ်ပုံတင်ဖြင့် ငွေလွှဲသူများကိုလည်း ၅ သိန်းအောက်ထိသာ ဝန်ဆောင်မှုပေးလုပ်ကိုင်လျှက်ရှိပါတယ်။KBZ Pay၊ AYA Pay ၊ Wave Payစတဲ့ Online payment များမှာလည်း ငွေသားထုတ်ယူမှုအတွက် တစ်သိန်းထုတ်ယူရင် တစ်သောင်း၊ ငါးထောင်ပေးပြီး ထုတ်ယူနေကြရသလို Online payment ဖြင့် ငွေပေးချေဈေးဝယ်ပါက လက်မခံတာရှိသလို ၅% အပိုပေးပြီးငွေပေးချေမှုဖြင့် လက်ခံမှုလည်းရှိကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် အခြေခံလူတန်းစားများအတွက် ရာခိုင်နှုန်းပေးပြီး ငွေထုတ်ယူရခြင်း၊ ဈေးဝယ်ရခြင်းတို့သည် ပိုမိုကြပ်တည်းမှုများဖြစ်ပေါ်နေပါတယ်။ ဒီလိုပြည်သူတွေ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်အောင် ဖန်တီးသူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။ ဆန်၊ဆီဈေးကို ထိန်းချုပ်တယ်ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူခံရမယ်ဆို ထုတ်ပြန်ထားတယ်။ ဒါပေမယ့် သတ်မှတ်ဈေးအတိုင်း ဘယ်စီးပွားလုပ်ငန်းရှင်ကမှ မရောင်းနိုင်တဲ့အခါ တိတ်တဆိတ်လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်ရတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။ -

တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ
“လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်”
ခေတ်ငြိမ်းအေး
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့” ယောသူတယောက်က အာဏာသိမ်းစတုန်းက သူ့တွေးမိပုံကို ပြောပြတာ ဖြစ်ပါတယ်။“နိုင်ငံရေးဆိုတာ သေချာနားလည်မနေဘဲ သူများတွေလုပ်သလို လိုက်လုပ်နေတဲ့သဘောပဲ။ ပထမဆုံး နေပြည်တော်က မြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ အချိန်ကျတော့ နိုင်ငံရေးကို လူငယ်တွေ အသက်ပေးလုပ်နေကြတာ စပြီးသတိထားမိတာပဲ” လို့ ထပ်ပြောပြသေးတယ်။သူမတို့ရဲ့ ရွာက ထီးလင်းနယ်မှာရှိပြီး ထီးလင်းဆိုတာက တမြို့နယ်လုံး တောင်ဆင်း၊ တောင်တက်တွေနဲ့ စိမ်းစိုစို သဘာဝရှုခင်းတွေနဲ့ နေ့ချင်စဖွယ်အရပ်ဒေသတခုဖြစ်တယ်။ တောထဲက သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ ခြေတံရှည် သစ်သားအိမ်ကလေးတွေနဲ့ တောင်ကျချောင်းက လာတဲ့ရေကို သောက်သုံးကြတဲ့ ပကတိဖြူစင်ကြတဲ့ ယောသူ၊ ယောသားတွေပေါ့။ စိုက်ပျိုးရေးကိုပဲ အဓိကအားထားပေမယ့် စပါးကိုပင် ကိုယ့်အိမ်နဲ့ကိုယ် စားလောက်ရုံလောက်သာ စိုက်နိုင်ကြတဲ့ နေရာတခုဖြစ်တယ်။ လှပပြီး ရိုးရှင်းကြတာနဲ့အပြိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ကြတယ်။
-

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး
RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။
-

မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တပ်စိတ်မှူး ရဲဘော်ဇော်ထူးအောင် ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံး
RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။
အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်စိတ်မှူးအဆင့်ရှိသူ ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်သည်် ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့်တိုက်ပွဲအတွင်း ဇူလိုင်လ (၈) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
#RedNewsAgency
-

စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ
RNA_ဇူလိုင်(၉)၊၂၀၂၄ ခုနှစ်။
မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။
စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ချအလင်းဝင်သော ပသစ (ပျူ) တပ်ဖွဲ့များလည်းရှိကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။
-

မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်
“ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်”
ချမ်းမင်း – Wiper
ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။
တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က တူမီးနဲ့စခဲ့တဲ့ တိုင်းရင်းသားညီကိုတွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုတွေ၊ ခုခံမှုတွေကို တောက်လျှောက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ ရှမ်းမြောက်က မန္တလေး PDF ဆိုတဲ့တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အလယ်ပိုင်းလောက်မှာသာ စတင်သတိပြုမိတယ်လို့ဆိုနိုင်ပါတယ်။ ထိုစဥ်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက် မန္တလေး PDF ရဲ့ သင်တန်းဆင်းပွဲဆိုတဲ့ video file တစ်ခုတက်လာပြီး တကယ့်စစ်ပုံကျတဲ့ စစ်ရေးပြတွေ၊ ရဲဘော်တိုင်းမှာ လက်နက်ကိုယ်စီနဲ့ ညီညာစွာ စစ်ရေးပြသွားတာတွေကို အခုထိမှတ်မိနေဆဲပါ..။
အဲ့ဒီ Video file လူမူကွန်ယက်ပေါ်ပျံ့နှံ့လာပြီးနောက်ပိုင်းကစလို့ မန္တလေးPDF ဟာ မဟာမိတ်ညီနောင်တပ်ဖွဲ့တွေ နဲ့ပူးပေါင်းပြီး ခပ်စိပ်စိပ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာကိုလည်း သတိထားမိခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ဩဂုတ်လ၃၀ ရက်နေ့အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ထိတွေ့မှုတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ အလွန်အကျွံအသုံးပြုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ကြားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
-

ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း
RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က မဲဆောက်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့ပြီး တောရကျောင်း၌ ဈာနပ အခမ်းအနားပြုလုပ်ကာ ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ်တွင် ဝပ်မုတ္ကထန်ကျောင်း သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=nOhJ10FQtLw[/embedyt]#RedNewsAgency -

လားရှိုးမြို့နေ ပြည်သူများ မြို့ကိုစွန့်ခွါနေကြ
RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။လားရှိုးမြို့အနီးဝန်းကျင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေသည့်အတွက် မြို့နေပြည်သူများသည် စစ်ဘေးရှောင်ရန် မြို့ကိုစွန့်ခွါသူ များလာသည့်အတွက် ယနေ့နံနက်ပိုင်း လမ်းပိတ်နေသည့်အခြေအနေထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။“အရင်ရက်တွေထက် ဒီနေ့မနက်ကတော့ တော်တော်များတယ်။ ကားလမ်းမကြီးပါ ပိတ်နေတဲ့အထိိဖြစ်သွားတယ်။ မြို့ထဲမှာတော့ လူတွေက ကျန်ပါသေးတယ် ဒါပေမဲ့ ထွက်တဲ့သူက တရက်ထက် တရက်ပိုများလာပြီ။ တချို့ကတော့ အိမ်တွေ သော့ခတ်ပြီးထွက်သွားတာ တချို့ကလည်း အိမ်စောင့်ချန်ခဲ့တယ်။ မထွက်နိုင်သေးတဲ့ သူတွေလည်း ရှိသေးတယ်” ဟု လားရှိုးမြို့ခံတဦးက Red News Agency ကို ယနေ့နံနက်ပိုင်းက ပြောကြားထားသည်။