စစ်ကိုင်း ငလျင်ဘေးခံစားရသူများကို ယနေ့ညနေအထိ ကယ်ဆယ်မှု မပြုလုပ်နိုင်သေး

RNA_မတ်(၂၉)၊၂၀၂၅ ခုနှစ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ အထိုင်ချတပ်စွဲပြီး စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများကို ၂၄ နာရီအကျော်အထိ အကူအညီများပေးနိုင်ခြင်း (ကယ်ဆယ်ရေးလုပ်ငန်းများ) မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများသော်လည်း စက်ယန္တရားများဖြင့်သာလုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းအထိ ပိတ်မိနေသူ အများအပြားကို မကယ်ထုတ်နိုင်သေးကြောင်း၊ စစ်ကိုင်းမြို့တွင် သာသနိကအဆောက်အအုံများတွင်လည်းပျက်စီးမှုရှိပြီး ဒေသခံများအကြား ပြောကြားနေမှုတွင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီး အရေအတွက်ထပ်တိုးနေသည်ဟု သိရသည်။

ယနေ့ညနေပိုင်းက စစ်ကိုင်းမြို့ကို လှည့်လည်ကြည့်ရှု့ခဲ့သူ တစ်ဦးက ပြောပြထားသည်မှာ သေဆုံးသူ ဦးရေထပ်တိုးနေပြီး စစ်ကိုက်းချောင်တွင်လည်း ကယ်ဆယ်ရေးမဝင်နိုင်သေးကြောင်း၊ အုဌ်ကျောင်းမှာ ဓမ္မစကူးလ် သင်နေသော ကလေးငယ်များ သေဆုံးမှုရှိသည့်အပြင် ချင်းစုမူကြိုကျောက်းကို ယနေ့ညနေအထိလှုပ်ရှားမှု (ကယ်ဆယ်ရေးလုပ်ငန်း) မတွေ့ရသည့်အပြင် မူကြိုကျောင်းအတွင်း သေဆုံးမှုရှိသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီးပြီး သေဆုံးသူ သောင်းဂဏန်းအထက်ရှိကြောင်း အချက်အလက် များအရ သိရသည်။

#Earthquake2025 #RedNewsAgency #REDNEWS #RNA

By Editor