Author: Editor

  • သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

    သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

    “သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။ ဒါက အာဏာရှင်တွေကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါနေတာပါ။ ဒါကြောင့် အာဏာကလည်း ရူးချင်၊ နိုင်ငံတော်ပုန်ကန်သူလို့ သတ်မှတ်မှာစိုးရိမ်တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်မှာပဲ ဖမ်းဆီးခံထားရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဆီမှ လွှဲပေးရန်တောင်းဆိုပေမယ့် သမ္မတကြီး ဦးဝင်းမြင့်က လက်မခံခဲ့ဘူး”
    ဧရာဝတီလင်းပိုင် – Wiper
    စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူသွားကြောင်းနဲ့ ဦးမြင့်ဆွေကိုလည်း ကျန်းမာရေးမကောင်းတဲ့အပြင် နေ့စဉ်တာဝန်တွေကို လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
     
    သမ္မတကြီးဦးဝင်းမြင့်ကို ဖမ်းဆီးထောင်ချထားပြီး စစ်ကောင်စီရုပ်သေးရုပ် ဒုသမ္မတတွေကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ထုတ်ပြန်ပြီး တစ်ပတ်မပြည့်ခင် ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေ လွှဲအပ်ကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။ မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်လွန်းလို့ ( သမ္မတရူး ရူးနေလို့) ပြည်သူ့အစိုးရထံကနေ လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းခဲ့တာကို အခုတော့ အားလုံးလက်ခံလိုက်ရပါပြီ။ သမ္မတရူးကြီး မအလလို့ တရားဝင်ခေါ်လို့ရပြီဖြစ်ပါတယ်။
     
    မင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန် လွှဲပြောင်းရယူတာဝန်ယူတာနဲ့ ပတ်သက်ပြီး ဇော်မင်းထွန်းက “ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂( ခ ) ပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်ပါတယ်” လို့ ဇူလိုင်လ ၂၃ ရက် မှာပြောကြားခဲ့ပါတယ်။

    (more…)

  • မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

    မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် မန္တလေး PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပါဝင်ခဲ့

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့ရဲဘော်များသည် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ကြောင်း သိရသည်။

    (more…)

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။
     
    “PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ညီညွတ် စည်းလုံးသော အမိန့်နာခံမှုကောင်းသော တပ်ပေါင်းစုအင်အားဖြင့် သမိုင်းဝင် တိုက်ခိုက်သိမ်းပိုက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူလူထုသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်” ဟု PLA က ပြောကြားထားသည်။

    (more…)

  • ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

    ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
    [embedyt] https://www.youtube.com/watch?v=4_DgMYRivCA[/embedyt]
     
    တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊ G3 သေနတ် ၃လက်၊ MA1 သေနတ် ၁ လက်စသည်တို့ကို သိမ်းဆည်းရမိပြီး ကင်းတဲ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင်တဦးထံမှ သိရသည်။
     
    စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုပါဝင်သည့် ရုပ်သံ အပြည့်အစုံကြည့်ရန် >>> https://t.me/rednewsagency/7190
     
    #RedNewsAgency

  • မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    ရှမ်းမြောက်၊ လားရှိုးမြို့၊ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၄ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာထားသည်။
     
    “၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA ကထုတ်ပြန်ထားသည်။

    (more…)

  • မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

    မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

    RNA_ဇူလိုင်(၂၀)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် ဇူလိုင် (၁၇) ရက်နေ့ကတည်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ပြည်သူများကို အသိပေးထားသည်။
     
    “ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်” ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။

    (more…)

  • အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

    အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

    RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။
     
    ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

    (more…)

  • ပုသိမ်- မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံး

    ပုသိမ်- မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံး

    RNA_ဇူလိုင် (၁၈)၊၂၀၂၄ ခုနှစ်။ 

    မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က တိုင်တားကျေးရွာမှ ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဉ်အား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၂၁ ဦး ဒဏ်ရာရပြီး () ဦးသေဆုံးခဲ့သည်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ကားရှေ့ခန်းမှ လိုက်ပါလာသော သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ဗိုက်၊ပေါင်၊ လက်မောင်း ၃ နေရာထိမှန်ပြီး မင်းတုန်းဆေးရုံမှာ မနိုင်သည့်အတွက် သရက်ဆေးရုံသို့ အခြား ဒဏ်ရာရ စခများနှင့်အတူ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ပို့ဆောင်ကုသနေပြီးနောက် အဆင်မပြေသည့်အတွက် ယနေ့ နေ့လည်ပိုင်းတွင် မကွေးဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။ 

    မင်းတုန်းမြို့နယ် ပကဖ ရဲဘော်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ပုသိမ် – မုံရွာလမ်းပေါ်တွင် စစ်ဆေးမှု ပြုလုပ်နေသည့် မြင်ကွင်း။

    ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ ဒုဗိုလ်မှူးကြီးက အရင်တုန်းက မင်းတုန်းမြို့ရဲ့ အနော်ကဖက် အထွက် ရခိုင်ရိုးမကိုကာတဲ့ ဂိတ်မှာ စစ်ကြောင်းမှူးအနေနဲ့ တာဝန်ကျခဲ့တာပေါ့။ အဲကနေမှ ရာထူးတိုးနဲ့ ဒုဗိုလ်မှူးကြီးဖြစ်ပြီးတော့ သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌအနေနဲ့ တာဝန်ကျလာတဲ့သူလို့ သိထားပါတယ်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

    စစ်ကောင်စီတပ်သားများကို စောင့်ကြိုတိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုများမှာမင်းတုန်းမြို့နယ် ပ.က.ဖ၊ မင်းလှမြို့နယ် ပ.က.ဖ၊ မကွေးမြို့နယ် ပ.က.ဖ၊ United States Of Burma Army – USBA West River Army -WRA Key Of Revolution Guerrilla Force ရဲဘော်များဖြစ်သည်ဟု Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) ထံမှ သိရသည်။

    #RedNewsAgency

  • အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရသည်။
     
    အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိမှုနှင့်အတူ သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရမိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (၅) ဦးထက်မနည်းသေဆုံးသည်ဟု သိရသည်။

    (more…)