Tag: Spring Revolution

  • NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

    NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

    RNA_စက်တင်ဘာ (၂၁)၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ၊ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို ထောက်ပံ့ လှူဒါန်းမယ်ဆိုရင် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမှာဖြစ်ပြီး၊ ထောင်ဒဏ် ၃ နှစ်၊ ၅နှစ် ၊ ၁၀ နှစ်မှသည် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း စစ်ကော်စီ အလိုတော်ကျ သတင်းပြန်ကြားပေးနေသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုထားသည်။

    နေပြည်တော်မှာ ယမန်နေ့( စက်တင်ဘာ ၂၀ )က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Kpay အပါအဝင် Mobile Banking ငွေပေးချေမှု အကောင့်များကို Level (2 )အဆင့်တိုးမြှင်ရန်ထုတ်ပြန်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာချက်နဲ့ပတ်သက်ပြီး ရှင်းပြစဥ် ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    “လှူတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ငွေလွှဲပေးတဲ့သူတွေကိုယ်စားလှယ်တွေ အေးဂျင့်တွေနဲ့ ပတ်သက်လို့ ငွေလွှဲတဲ့သူကော Online ကနေ ငွေကြေး ထောက်ပံ့တာပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃-ခ အရ ငြိစွန်းပါတယ်။ ၁၀၀ပဲလှူလှူ သိန်းနဲ့ချီပြီးပဲ လှူလှူ နောက်ဆုံး  ကူရုံပါပဲလို့ပဲ ပြောပြော အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၂ )အရ ထောင်ဒဏ်၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။ထပ်ပြီးဆိုးတာက  ကိုယ်ကပို့လိုက်တဲ့ ပိုက်ဆံ ကိုယ်ကလှူလိုက်တဲ့ဟာက ဟိုက လက်ခံထားတဲ့သူက လူသတ်တာတွေ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့လို့ရှိရင် အပြင်း အထန်နာကျင်စေမှုတွေ ဖြစ်ခဲ့လို့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၄) အရ ထောင်ဒဏ်အနည်းဆုံး (၁၀ နှစ်)ကနေ သေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

    (more…)

  • စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

    စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

    RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။

    (more…)

  • မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

    မြို့ပြတော်လှန်ရေး တပ်ဦးမှ ရဲဘော်အောင်စာ (ခ) ဘီစိန်ရှို့ မိုးဗြဲတိုက်ပွဲမှာ ကျဆုံး 

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ ခုနှစ်။

    မိုးဗြဲမြို့တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့သည် စက်တင်ဘာလ (၁၁) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

    ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေသည့်အတွက် လက်နက်ကြီးပစ်ကူများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ဒဏ်ရာရရှိမှုများရှိပြီး ကျဆုံးသူတချို့ရှိကြောင်း သိရသည်။

    မြို့ပြတော်လှန်ရေးတပ်ဦး – URF မှ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့ ကျဆုံးခဲ့ရသည့်အတွက် ယနေ့ ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့၏ ရဲရင့်မှုနှင့် တော်လှန်ရေးသစ္စာကို မြဲမြံစွဲဖင့် ရွပ်ရွပ် ချွံချွံတိုက်ပွဲဝင်မှုအား လေးမြတ်စွာ အလေးနီပြုကြောင်း၊ ရဲဘော်၏ တာဝန်များကို ဆက်လက်ထမ်းဆောင်၍ ရဲဘော်ကိုယ်စား တော်လှန်ရေးပန်းတိုင်ကို မမှိတ်မသုံချီတက်အောင်ပွဲဝင်ပါမည်ဟု မြို့ပြတော်လှန်ရေးတပ်ဦး – URF က ကတိသစ္စာပြုထားသည်။

    (more…)

  • တော်လှန်ရေး အရှိန်မြှင့်ရန် PDF ထုတ်လက်နက်များ ကျေးရွာများကို ဖြန့်ချိနေ

    တော်လှန်ရေး အရှိန်မြှင့်ရန် PDF ထုတ်လက်နက်များ ကျေးရွာများကို ဖြန့်ချိနေ

    RNA_ဩဂုတ်၃၁၊၂၀၂၂ခုနှစ်။

    ?????????? ??????’? ??????? ????? က ထုတ်လုပ်သည့် လက်နက်များကို တော်လှန်ရေး အရှိန်မြှင့်ရန်အတွက် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို ဖြန့်ချိနေကြောင်း သိရသည်။

    ” မိမိတို့အဖွဲ့သည် ပြည်သူလူထုမှ လှူဒါန်းသော အလှူငွေများဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ကိုင်လျှက်ရှိပါသည်။ ယခုအခါတွင် ?????????? ??????’? ??????? ????? အဖွဲ့သည် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှ ကျေးရွာများကို မိမိတို့စခန်းမှထုတ်လုပ်ထားသောလက်နက်များအား ကာကွယ်ရေးအတွက် ထုတ်ပေးပြီး တော်လှန်ရေးကို အရှိန်မြှင့် လုပ်ဆောင်လျှက်ရှိပါသည်” ဟု ထုတ်ပြန်ထားသည်။

    (more…)