NUG

နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်

RNA_ဇန်နဝါရီ(၃၁)၊၂၀၂၄ ခုနှစ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ၏ ဘုံသဘောထားရပ်တည်ချက်ကို NUG မှ ယနေ့ ထုတ်ပြန်ခဲ့ရာတွင် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား စစ်ကောင်စီလက်ခံပါက အာဏာလွှဲပြောင်းခြင်းကိစ္စ ဆွေးနွေးမည်ဟု သိရသည်။ နိုင်ငံရေး ဦးတည်ချက် (၆) ရပ်မှာ ၁။ စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။ ၂။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။ (၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။ (၄)။ သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့်…
Read More
ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် ပအဖ အဖွဲ့ကို လက်ခံကြောင်း ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပတ်သက်ပြီး ယခင် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်မင်းလှိုင်ဦးဆောင်သည့် အဖွဲ့ကိုသာ ပြည်သူများ လက်ခံကြောင်း ဒေသခံပြည်သူများက ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို NUG ဦးဆောင်မှုဖြင့် အခြားမြို့နယ်က ဝင်ရောက်စွက်ဖက်နေသည်ကို ဒေသခံများ လက်မခံနိုင်ကြောင်း၊ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသခံပြည်သူများ၏ သဘောထားဖြင့် ဒေါ်ယဉ်မင်းလှိုင်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။ Red News Agency
Read More
ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

ခမ်းပတ်မြို့ကို တော်လှန်ရေး အင်အားစုများက ယနေ့ အောင်မြင်စွာ သိမ်းပိုက်

RNA_နိုတင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အမှတ် (၁) စစ်ဒေသသည် C3C၏ အစီအစဉ်ဖြင့် KIAစစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

"ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ" လင်းယုန် တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။ အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။ စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား…
Read More
အောင်ဂျာစခန်းသိမ်းအောင်ပွဲ (သို့) တော်လှန်ရေးအင်အားစုများ၏ ညီညွှတ်မှုစွမ်းအား

အောင်ဂျာစခန်းသိမ်းအောင်ပွဲ (သို့) တော်လှန်ရေးအင်အားစုများ၏ ညီညွှတ်မှုစွမ်းအား

"KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ​စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦး​ဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်သည်။ ထိုစခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲ​ဘော်များ ပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်" ငြိမ်းမောင် စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းပြီး ပင်လုံကတိဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ယနေ့ကျရောက်သည့် KIO  ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကအသိပေး ပြောကြားလိုက်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျရောက်သည့်…
Read More
ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

ဗမာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်

"Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာ" ကိုတင်ဖေ  တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်း အညာဒေသလက်နက်ကိုင်တော်လှန်ရေးဟာ အတော်လေးခရီးပေါက်လာတာကိုတွေ့မြင်နေရပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ Local PDF တွေလည်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပသုံးလုံးတွေအားကောင်းလာတာကိုတွေ့ရမှာပါ။ မကြာခဏဆိုသလို Local တွေနဲ့ ပကဖတွေကြား ပွတ်တိုက်မှုတွေဖြစ်ပွားနေသလို မြေပြင်မှာ အတူယှဉ်တွဲနေကြရတာဟာလည်း ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Local တွေကို နှစ်ပိုင်းခွဲပြီးမြင်ကြရရင် EROs ကျောထောက်နောက်ခံရှိတာနဲ့ ပြည်သူလူထုအားကိုးနဲ့…
Read More
NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။ (more…)
Read More
တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားအသုံးချမှုအပါအဝင် လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်မှုများ မရှိစေရေး၊ ယင်းကိစ္စများကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ရေး အလေးထားရမည်ဟု NUG ယာယီသမ္မတက ပြောကြားထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းမှ လိင်အမြတ်ထုတ်မှု၊ အကြမ်ဖက်ခံရမှု၊ တော်လှန်ရေးတွင် ပါဝင်နေမှု စသည်တို့နှင့် ပတ်သက်ပြီး ကောက်နုတ်တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

အရှိုက်အထိုးခံလိုက်ရတဲ့စစ်တပ် နောက်ဝင်မယ့်တွဲလုံးတွေကို ကာနိုင်ပါ့မလား

"ICC က ကိုင်တွယ်ပြီဆိုရင်တော့ မင်းအောင်လှိုင်တို့အနေနဲ့ အခုထက်ပိုပြီး လှုပ်ရှားရတာတွေ ကြပ်တည်းလာမှာဖြစ်သလို စစ်ခေါင်းဆောင်တွေအနေနဲ့ တရားစွဲခံရဖို့ သေချာနေပါပြီ။ ဘာလို့လည်း ဆိုတော့ သူတို့ကျူးလွန်ခဲ့တဲ့ ကိစ္စတွေရဲ့ တိကျတဲ့သက်သေပေါင်းအမြောက်အများဟာ ကုလသမဂ္ဂလိုအဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေဆီမှာ အခိုင်အမာရှိနေပါပြီ" လှဆောင် ပြည်တွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ခပ်စိတ်စိတ်နဲ့ ခြေလှမ်းတွေရှေ့တိုးနေသလို နိုင်ငံတကာမှာလည်း ခြေလှမ်းတွေက ခပ်စိတ်စိတ်ပါ။ စစ်ကောင်စီလော်ဘီတွေကတော့ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂမှာသွားပြီး ပြည်သူတွေလှူတဲ့ပိုက်ဆံနဲ့ ဟေးလားဝါးလား သွားလုပ်နေတယ်လို့ ဝါဒဖြန့်ကြပါတယ်။ လူပိန်းလို ပြန်ပြောရမယ်ဆိုရင်တော့ အဲဒီလို ဟေးလားဝါးလားလုပ်ဖို့တောင် စစ်ကောင်စီဘက်က အဆင့်ရှိမနေပါဘူး။ NUG အစိုးရအဖွဲ့ဝင်တွေ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံတကာကကိုယ်စားလှယ်နဲ့ သွားတွေ့နေကြတယ်ဆိုတာလည်း ဟေးလားဝါးလားလုပ်ဖို့မဟုတ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးအခြေခံလောက်ရှိတဲ့သူတွေတောင် ရှင်းရှင်းလင်းလင်းသိနေတဲ့ကိစ္စပါ။  NUG ကို…
Read More