Tag: ပြည်ခရိုင်

  • ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

    ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

    RNA_ဧပြီ(၆)၊၂၀၂၅ခုနှစ်။
    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ၊ စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အခွင့်အရေးရသော်လည်း အပစ်ရပ်ထားသည့်အတွက် မတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်-AA ကထုတ်ပြန်ထားသည်။
    ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာ ဧပြီလ (၂) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း ကြေညာသည့်နေ့မှစပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။
    စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း မန္တလေးတိုင်း၊ ကွေးတိုင်း၊ ကရင်နီအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့မှုများပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကြည်း၊ရေ၊လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်များတွင်လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  • စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

    စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

    RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

    ပြည်သူများ ပျော်ရွှင်‌နေပြီး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနေသည်ဟု အကြောင်းပြရန် စစ်ကောင်စီ ပြုလုပ်မည် သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှု မပြုလုပ်ကြရန်နှင့် ဆန့်ကျင်သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေးလိုက်ကြောင်း Bago Region PDF ကထုတ်ပြန်ထားသည်။

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီက ၎င်းတို့၏အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်အား သပိ‌တ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က ဗဟိုမဏ္ဍပ်ကို ယနေ့  နံနက် (၅) နာရီခန့်က အသံမိုင်းခွဲ၍ သတိပေးထားသည်။

    (more…)

  • “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

    “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

    RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။

    ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

    “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

    #RedNewsAgency