ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။

ထိုင်းအစိုးရမှ ထိုင်းနိုင်ငံသား ၂၅ ဦးကို ဟားမတ်စ်အဖွဲ့က မတရားဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့ အရေအတွက်ကို မထုတ်ပြန်ထားကြောင်း၊ ထိုင်း-အီရန် ကျောင်းသားဟောင်းများအသင်းနှင့် စေ့စပ်ညှိနှိုင်းရေအဖွဲ့ဝင်ကတော့ ယခုထက် ပိုများနိင်သည်ဟု ခန့်မှန်းထားသည်။

အစ္စရေးနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်နေသည် ထိုင်းအလုပ်သမားဦးရေ ၂၉၉၀၀ ရောက်ရှိနေပြီး၊ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ၈၈၁၅ ဦး ရှိကြောင်း၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသား ၂၅၊ ဒဏ်ရာရရှိသူ ၁၈ ဦး၊ သေဆုံးသူ ၃၄ ဦးရှိပြီး သေဆုံးသူ ရုပ်အလောင်းတွေကို ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ယူခဲ့နိုင််ခဲ့ကြောင်း သိရသည်။

Ref: Khaosod English
#RedNewsAgency

By Editor