Tag: အညာဒေသ

  • လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

    လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ဖို့ လိုအပ်နေတဲ့ အညာ

    RNA_နိုဝင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသအတွင်းမှ ပြည်သူများသည် လူ့အခွင့်အရေး​ချိုးဖောက်ခံရမှုမျိုးစုံ ကြုံတွေ့နေကြရသည့်အတွက် ကျူးလွန်ခဲ့ရသည့်ပြည်သူများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ဖော်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါသည်။

    [embedyt] https://www.youtube.com/watch?v=hpeV6pxPYVg[/embedyt]

    Red News Agency

  • 5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

    5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

    RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=UHC6hWypa9U[/embedyt]

    #RedNewsAgency #REDNEWS #RNA #AhNyar

  • ကျေးရွာများ၊ သုဿာန်များ၊ လူစုလူဝေးများကို စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်

    ကျေးရွာများ၊ သုဿာန်များ၊ လူစုလူဝေးများကို စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်

    RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ပြည်သူများနေထိုင်သော ကျေးရွာများ၊ သုဿာန်များနှင့် လူစုလူဝေးပြုလုပ်သည့် နေရာများကို ဒရုန်းဖြင့်ထောက်လှမ်းကာ ဒရုန်းဗုံးသီးများကြဲချ တိုက်ခိုက်နေကြောင်း သိရသည်။

    “အခုရက်ပိုင်း ပျူရွာတွေကနေပြီး စစ်ကောင်စီလက်အောက်ခံတွေက ဒရုန်းနဲ့ ကင်းထောက်တယ် ပြီးတော့ ဒရုန်းဗုံးလာကြဲတယ်။ သူတို့ဒရုန်းတွေက လေးနာရီလောက်ပျံနိုင်တယ်လို့လည်း ကြားရတယ်။ ဒီနေ့ဆို သုဿာန်ကိုတောင် ဗုံးကြဲသွားတယ်လို့ ကြားရတယ်။ ရွာတွေကိုလည်း ကြဲလို့ ပြည်သူတွေ ထိတယ်လို့ ကြားတယ်”ဟု တန့်ဆည်မြို့နယ်၊ ကျေးရွာတရွာတွင်နေထိုင်သော ဒေသခံတဦးထံမှ သိရသည်။

    (more…)

  • လူ့အခွင့်အရေးအသံများ ပျောက်ဆုံးနေသော အညာ

    လူ့အခွင့်အရေးအသံများ ပျောက်ဆုံးနေသော အညာ

    RNA_နိုဝင်ဘာ(၃)၊၂၀၂၄ခုနှစ်။

    အညာဒေသတွင်းရှိ ပြည်သူများအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး လူ့အခွင့်အရေးများ ပျောက်ဆုံးခဲ့ရပြီးတော့ ဒီနေ့အချိန်မှာဆိုရင် လူ့အခွင့်အရေးကို မေ့ပျောက်သလိုဖြစ်နေတဲ့ အခြေအနေများကို တင်ဆက်ထားခြင်းဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=9TuBl4zZXzM[/embedyt]

    Red News Agency

  • ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်မယ် ပျော်ပျော်ပဲရှေ့ဆက်သွားမယ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
     
    “ရှေ့တန်းမှာအကောင်းဆုံး ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျွန်တော်တို့ ရင်ဆိုင်မယ် ပျော်ပျော်ပဲ ရှေ့ဆက်သွားမယ်။ မြို့ပြမှာအလံချိတ်မယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် yingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာအပတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TVjrW5PuBlA[/embedyt]
    Red News Agency

  • စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    စစ်ပွဲအတွင်းခက်ခဲနေသော အညာဒေသ ပညာရေး

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။
     
    မြေပြင်တိုက်ပွဲပြင်းထန်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်ခံရမှုများအကြား အညာဒေသတွင်း ပညာသင်ယူရေးခက်ခဲနေမှုနဲ့ ကြိုးစားရုန်းကန်နေရသော အခြေအနေများကို တင်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=GvVDGQ57f08[/embedyt]
    #RedNewsAgecny

  • ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    ဘုတလင်မှာ လူမဆန်စွာသတ်ဖြတ်နေတဲ့ စစ်ကြောင်းလှုပ်ရှားမှု

    “ဘုတလင်မြို့နယ် ကူတော်ရွာအထိုင် ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဆယ်ဝရွာနဲ့ စီပါရွာကြားမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတဲ့အတွက်”

    ကျော်ရန်နိုင်

    မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က တနိုင်ငံလုံးအနှံ့လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ကြောင်းထိုး မီးရှို့မှုများစွာကို ပြုလုပ်နေတဲ့အထဲမှာ အထိအနာဆုံးနဲ့ စစ်ရာဇဝတ်မှု အကျူးလွန်ခံရဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ အညာဆိုတာ ညာမရအောင် တိုက်ပွဲများအောင်ပွဲဆင်နိုင်သလို မီးရှို့ခံရမှုနဲ့ ပြည်သူတွေ သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။

    အခုရက်ပိုင်း ပြည်သူလူထုအကြား မကြားဝံ့မနာသာ မကြည့်ရက်စရာ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာမှာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်။ စီပါရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက စီးနင်းဝင်ရောက်ပြီး နေအိမ် ၃၀၀ ခန့်ကို မီးရှို့ပြီးတော့ မပြေးနိုင်လို့ ရွာမှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာကနေ စစ်ဘေးမရှောင်နိုင်လို့ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ခေါင်းဖြတ်၊ ခြေဖြတ် လက်ဖြတ်မှုတွေနဲ့အတူ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ဘုတလင်ဘက်ကို အင်အားဖြည့်လိုက်တဲ့ စစ်ကြောင်းကနေ အခုလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်ဆိုရင် ဒီလိုဆိုးဆိုးရွားရွားတွေလုပ်နေတဲ့ စစ်ကြောင်းက တပ်မ (၃၃)ပါဝင်သလို သံတောင်က အထူးကွန်မန်ဒို သင်တန်းဆင်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။ အခုလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ကြောင်း ဘယ်နေ့ကနေ စထွက်လာပြီး ဘုတလင်မြို့နယ်ထဲမှာ ဘယ်လောက်ဆိုးဆိုးရွားရွားတွေလုပ်နေတာလည်းဆိုတာကို ပြောပြချင်ပါတယ်။

    (more…)

  • အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။


    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

    ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၄ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများ နောက်ကွယ်က ပညာသင်ကြားခွင့် ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး မြေပြင်အခြေအနေများကို ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=cbi0pDq52tE[/embedyt]

    Red News Agency