စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ် ကျဆုံးနေသည့်အပြင် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးနေ

RNA_စက်တင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက် အကျအဆုံးများနေပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော်မှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် ကွမ်းတောင် နှင့် အမြင့်ကျွန်းကျေးရွာကြား စက်တင်ဘာ (၁၆) ရက်နေ့ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ စစ်သုံ့ပန်းများ ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံများ သေဆုံးသည့် ဓာတ်ပုံများပါ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

#RedNewsAgency #RedNews #RNA

By Editor