တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး

စစ်အုပ်စု ပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်း၌ ငါးဖမ်းသမား (၄) ဦး သေဆုံး

စစ်အုပ်စု ပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်း၌ ငါးဖမ်းသမား (၄) ဦး သေဆုံး

RNA_အောက်တိုဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် စစ်တွေမြို့နယ် ကုလားတန်းမြစ်ဝ၌ စစ်အုပ်စု လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသား (၄) ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သည့် Arakan Princess Media က ယနေ့ (အောက်တိုဘာ ၂၈ ရက်) ဖော်ပြထားသည်။ အောက်တိုဘာ (၂၄) ရက်က ညနေပိုင်းက ဝီရဌာနီ (ပေါက်တော) မြို့ စစ်ရှောင်စခန်းမှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်လာသည့် ဒေသခံ ငါးဖမ်းသမား (၄) ဦးကို စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ စစ်အုပ်စုတပ်ဖွဲ့က Speed Boat ယာဉ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More