မြို့သိမ်းတိုက်ပွဲ

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။   ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။   #RedNewsAgency #REDNEWS #RNA #AhNyar
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော်မှ စစ်လက်နက် ခဲယမ်း စစ်ကူများ ကူညီပံ့ပိုးခဲ့

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံညာဏ်များနှင့် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့်မဟာမိတ်များ ပူးပေါင်းပြီး နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်အရင်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ချင်းညီနောင်စစ်ဆင်ရေး အဖြစ် မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည့်နေ့မှာပင် ကန်ပပ်လက်မြို့ပေါ် ဆပ်စွဲထားသော စကစနှင့် ရဲသားများသည် ပြည်သူများ၏ ညှိနှိုင်းပေးမှုဖြင့် မြို့မှ စွန့်ခွါသွားပြီဖြစ်ကြောင်း ကန်ပက်လက် ကောင်စီက ထုတ်ပြန်လိုက်သည်။ #RedNewsAgency #RNA #REDNEWS
Read More
စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။ စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။ (more…)
Read More
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA)မှ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အမ်းမြို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပြီး နပခ အတွင်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေကြောင်း၊ နပခ နောက်ဆုံးသိမ်းပိုက်မှုအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနများကို ပြောကြားထားသည်။ (more…)
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံ

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံ

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ ချင်းညီနောင်စစ်ဆင်းရေးအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် မြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်သည့်အပြင် စစ်ကောင်စီလက်အောက်ခံ စစ်နှင့်ရဲ ၁၂၃ ဦးနှင့်အတူ မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စံမင်းသီရိစေတီကုန်၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ် (မင်းတပ်)၊ မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့က မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၃) ဦးနှင့်အတူ ၎င်းတို့မိသားစုဝင်များပါ လက်နက်ချအညံခံခဲ့ကြသည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် စသည်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေသည်ဟု သိရသည်။ အမ်းဒေသအတွင်းမှ လေဆိပ်အနီးမှ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီ၏ စခန်းငယ်များအပါအဝင် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း။ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀)…
Read More
အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် - AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄…
Read More
ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

ပုလဲမြို့သိမ်းနိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့် မဟာမိတ် တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏လေကြောင်းတိုက်မှုကြောင့် ဆုတ်ပေးခဲ့ရပေမဲ့ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၂၅) ဦးဖမ်းဆီးရမိကြောင်း သိရသည်။ ပုလဲမြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများကြားမှ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် ၉ ဥဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရ BNRA ရဲဘော် ၁၀…
Read More