အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA)မှ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အမ်းမြို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပြီး နပခ အတွင်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေကြောင်း၊ နပခ နောက်ဆုံးသိမ်းပိုက်မှုအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနများကို ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်မှ ပလက်ဝမြို့နယ််၊ ပေါက်တောမြိုနယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ််၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ကြောင်း၊ ဂွမြို့သိမ်းတိုက်ပွဲကိုလည်း အာရက္ခတပ်တော်မှ ဆင်နွှဲနေကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor