RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ လုံခြုံရေး စစ်ဆေးမှုပြုလုပ်ခဲ့သည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း (ပကဖ)) မှ ပြည်သူ လူထုသွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီး သွားရောက်ပြီး စလင်း - ဆင်ဖြူကျွန်းကားလမ်းပိုင်းအား အသုံးပြုနေသော ခရီးသွားပြည်သူများအား ဇန်နဝါရီလ (၅) ရက်နေ့က စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှူများ ပြုလုပ်ခဲ့ကြသည်။
“ကျနော်တို့လဲ လမ်းမပေါ်ထွက်ပြီး စစ်ကောင်စီနှင့်မဝေးတော့တဲ့နေရာတွေမှာစစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်နေတာအတွက် အချိန်မရွေး battle ဖြစ်လာနိုင်ပါတယ်ဗျ” ဟု ကိုအောင်ဆန်းက Red News Agency ကိုပြောကြားထားသည်။
စလင်း (ပကဖ) မှ စစ်ရေး လုံခြုံရေး ကိစ္စရပ်များကို အချိန်နှင့် တပြေးညီ အရေးကြီးလျှင် ကြီးသလို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ စလင်းမြို့နယ်မှ ပြည်သူများအနေဖြင့်လည်း လေးစားလိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။
#RedNewsAgency #RNA #REDNEWS #AhNyar