07
Oct
RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်ကြား အုတ်ရှစ်ကြီးရွာအနီး၌ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရကြောင်း ဒီပဲယင်းဒေသခံတစ်ဦးထံက သိရသည်။ ယခုလ အောက်တိုဘာ (၄) ရက်က ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာ၌ လက်နက်ဖိုး အကြွေးသွားတောင်းသည့် ဘုတလင် ပကဖအဖွဲ့မှ ရဲဘော် (၂) ဦးသည် ငွေကျပ် သိန်း (၂၀၀) ကျော်နှင့်အတူ ပေါက်ချိုင်ရွာမှ ပြန်လာချိန် အရာတော်မြို့နယ် အုတ်ရှစ်ရွာအနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ “ပေါက်ချိုင်ဘက်ကို ကြွေးသွားတောင်းပြီးအပြန်မှာ ဖြစ်တာ။ သူတို့ ရောင်းထားတဲ့ (လက်နက်ဖိုး) ပစ္စည်းအတွက် အကြွေးသွားတောင်းပြီး အပြန်မှာ ဖြစ်တာ။ အချင်းချင်းကြား ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်ပြီး…