22
Jul
RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီတပ်စခန်းကုန်းကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၀ ရက်နေ့မှ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ခဲ့ကြပြီး ၂၁ ရက်နေ့ နံနက် ၅ နာရီတွင် တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အသေအဆုံးရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊…