03
Feb
RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ “အခုဆိုရင် ကျွန်တော့်အမေ နေမကောင်းဘူး အမေဟိုနေ့က ဖုန်းဆက်တယ် အမေဖုန်းဆက်တော့ အမေ့ကို လွမ်းတယ်ဗျာ” ဟု ရဲဘော်တယောက်၏ ရင်တွင်းစကားများနှင့်အတူ ရဲဘော်များ၏ ရင်တွင်းစကားများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ခံယူချက်များ စသည်တို့ကို ပြောကြားထားသည်။ “အာဏာသိမ်းခဲ့တာလည်း ၂ နှစ်ပြည့်ပြီ ကျွန်တော်တို့ ဒီလိုငြိမ်ခံနေရလို့ မရဘူး၊ ဒီလိုနေ့မှာ အရှုံးပေးလို့မရဘူး ဒီလိုဆက်သွားနေလို့ ဘာမှမထူးတော့ဘူး ဒီကောင်တွေကို အမြစ်ဖြတ် ချေမှုန်းမှရတော့မယ်”၊ အဖေနဲ့ ဖုန်းပြောဖြစ်တော့ အိမ်က ထမင်းဝိုင်းမှာ ငါးဖယ်ဟင်း ကြည့်ပြိး ငါ့ သားကြီးကို ကြိုက်မှာပဲ အခု ငါ့သားကြီး ဘယ်လိုနေရလဲဆိုပြီး အမေက ငိုတယ်တယ်တဲ့”၊ “ဒီကိုကရေစီဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်ဘက်က…