“စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်းအတွင်း အခြေစိုက် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က “စစ်ခွေးနိဂုံး ၂၀၂၃ ” ဟုစာတန်းပါသည့် LED မီးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြီးခဲ့သည့် ညပိုင်းက လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

“နှစ်သစ်မှာ မြန်မာပြည်ငြိမ်းချမ်းစေလိုပါတယ်။ မင်းဆိုးစနစ်ဆိုးတွပပျောက်ပြ ခေတ်သစ်စနစ်သစ် ပေါ်ပေါက်စေလိုပါတယ်။ စစ်ခွေးနိဂုံး2023ဆိုသလိုစစ်အာဏာရှင်တွေရဲ့ နိဂုံးဟာ 2023ပါပဲ။ သူတို့မှာထွက်ပေါက်ဆိုတာမရှိပါဘူး။နိုင်ငံတကာကလည်း မြန်မာ့အရေးကိုအလေးထားလာတာတွေ့ပါတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့ ဆက်လက်တောင့် ခံထားပြီး သွေးမကွဲပဲစည်းလုံးပေးကြပါ။ တော်လှန်ရေးအောင်ဖို့ နီးကပ်လာပါပီ။ 2023မှာ အရေးတော်ပုံမုချအောင်ရမည်” ဟု အညာပစ်တိုင်း ထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောသည်။

၂၀၂၃ ခုနှစ်တွင် စစ်အာဏာရှင်‌နှင့် လက်အောက်ခံများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် တော်လှန်ရေး အင်အားစုများက ပိုမိုတိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားကြသည်။

#RedNewsAgency

https://t.me/rednewsagency/1011

By Editor