စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။ ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွက် တပ်မဟာသစ်တစ်ခုဖွဲ့စည်းမည်ဟု ပြောကြားပြီးနောက် ယနေ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ မှတ်တမ်းကို ယနေ့ အသိပေးထားသည်။ #RedNewsAgency
Read More
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ

RNA_ဇန်နဝါရီ(၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရသော အင်အား (၇၀) ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ (၄၇) ဦးသေဆုံးပြီး (၆) ဦးဖမ်းဆီးရမိကာ (၁၇) ဦးပျောက်ဆုံးနေသေးသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကိုထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းထားသော စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လက်နက်…
Read More
တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၅) ရက်နေ့က တိုက်ခိုက်ချေမှုန်းရာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။ အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပြီး၊…
Read More
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံးကာ (၃) ဦးအရှင်ဖမ်းခံရ

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံးကာ (၃) ဦးအရှင်ဖမ်းခံရ

RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာကို စီးနင်းဝင်ရောက်ပြီး တပ်စွဲထားသော အင်အား (၇၀) ခန့်ရှိစစ်ကောင်စီတပ် ယမန်နေ့ (ဇန်နဝါရီ ၅ ရက်) နေ့က တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံးကာ ၃ ဦးအရှင်ဖမ်းခံရသည်ဟု ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက ယနေ့ ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ သေဆုံးအရှင်ဖမ်းမိခဲ့ပြီးနောက် MA 1 (၅)လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု၊ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊…
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် အခြားသောမဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်ပြီး ပြန်လာခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှ အောင်ပွဲရ ရဲဘော်များကို ဒေသခံတော်လှန်ပြည်သူများက ဝမ်းသာအားရ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းကို ယနေ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
NUG ၏လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖောင်းပြင်မြို့နယ်က (၃) ဦးလွတ်မြောက်

NUG ၏လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖောင်းပြင်မြို့နယ်က (၃) ဦးလွတ်မြောက်

RNA_ဇန်နဝါရီ(၂)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ​တော်တသမ္ဓ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အတွင်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ အကျဉ်းသား (၃) ဦးလွတ်မြောက်ခဲ့သည်ဟု သိရသည်။ ဖောင်းပြင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးဌာန နိုင်ငံတော်သမ္ဓ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်းအခမ်းအနားကို ဖောင်းပြင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ဇန်နဝါရီ လ ၁ ရက်နေ့က လွတ်မြေက် ဒေသတစ်နေရာတွင် ပြုလုပ်ခဲ့ပြီး၊ မူးစိတ်၁၆ (ဂ) ၁ ဦး၊ ရာဇသတ် -၃၀၄(က) ၂ ဦး၊ စုစုပေါင်း (၃) ဦးလွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု သိရသည်။ (more…)
Read More
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ဦးကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော် (၇) ကျဆုံးခဲ့ရပြီး၊ ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၃) ဦး၊ ထိုက်ခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခဲ့သူ ရဲဘော် (၂) ဦးရှိကြောင်း မုံရွာခရိုင် အမှတ်(၃) တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့်အတူ ယောဒေသတော်လှန်ရေးတပ်၊ Yaw Army နှင့် မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲဘော်များ ပူးပေါင်းပြီး အာရက္ခတပ်တော်၏ စစ်ရေး၊ စစ်လက်နက်စသည့် အကူအညီများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၉)…
Read More
မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား LGBT ဘုံဘုံ ဆေးရုံတက်ကုသခွင့်မရသည့်အတွက် ရောဂါပြင်းထန်စွာဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့သော်လည်း ဆေးရုံတက်ခွင့်မရရှိခဲ့သည်အတွက် ကျန်းမာရေးဆိုးရွားလာပြီး ကျဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီ

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။   တော်လှန်ရေးအခြေအနေက အားရစရာကောင်းနေပြီး အညာလူထုတစ်ရပ်လုံး အားသွန်ခွန်စိုက်ပါဝင်နေကြောင်း၊ ယုံကြည်ချက်တစ်ခုတည်းဖြင့် ပန်းတိုင်ကို လျှောက်လှမ်းနေသည့်အတွက် ပန်းတိုင်ကိုရောက်မည်ဟု ယုံ​ကြည်ကြောင်း စသဖြင့် ရဲဘော်လွင်ဂူးက ပြော​ပြထားသည်။ Red News Agency
Read More
တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

တိုက်ပွဲပြန် အောင်ပွဲရ KIA၊ KPDF၊ NPDF ရဲဘော်များကို ဖားကန့်ပြည်သူများ အောင်သပြေဖြင့် ကြိုဆို

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပန်ချယ်၊ ရွှေတွင်းလမ်းဆုံ၊ ရာလားတီးကျေးရွာများတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များကို တိုက်တုတ်ပြီး အောင်ပွဲဖြင့်ပြန်လာကြသော KIA၊ KPDF၊ NPDF ပူးပေါင်းအဖွဲ့အား ဖားကန့်ပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကြိုဆိုခဲ့ကြောင်း နွေဦးရောင်နီအဖွဲ့ထံမှ သိရသည်။ (more…)
Read More