Tag: စစ်ကိုင်းတိုင်း

  • ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

    ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

    RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

    “တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်” ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။

    (more…)

  • စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

    စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

    RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။

    တော်လှန်ရေးအောင်မြင်ရန်နှင့် လိုချင်သည့်ပန်းတိုင်ရောက်ရန်အတွက် ရှေ့လျှောက် စစ်ကိုစစ်နှင့် တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲများ လုပ်မရတော့ဟု ဧပြီလ ၆ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရဲဘော်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးက ပြောကြားထားသည်။

    “အရေးကြီးဆုံးက အမိန့်နာခံမှုမရှိပဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်််််ပြီးတိုက်ပွဲဝင်လို့ မရပါဘူး။ ဘာ့ကြောင့်မို့လဲ ခင်ဗျားတို့ကိုယ်တိုင်လည်း မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြုံခဲ့ပြီးပြီ။ အဆင့်ဆင့်အမိန့်နာခံမှု ရှိကို ရှိရလိမ့်မယ်။ ကျွန်တော်တို့ ဒီကရှေ့လျှောက်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူတောင် တိုက်ရလိမ့်မယ် ရှီရှောင်တိုက်ပွဲတွေ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အပြည့်အဝ ပန်းတိုင်းတစ်ခု မရောက်ရောက်အောင် သွားရလိမ့်မယ်” ဟု တပ်ရင်းမှူး (မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ)က ပြောကြားထားသည်။

    (more…)

  • ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

    ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
    (more…)

  • စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။

    #RedNewsAgency #RedNews #RNA

  • အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

    အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံရ

    RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်းလေးတောင်၌ ဗိုလ်မှူး လင်းထက် ဦးစီးလာသော အင်အား (၂၀၀) ကျော်ဖြင့် စစ်ကြောင်း (၂) ကြောင်းခွဲကာ ချီတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၃) ဦးသေဆုံးကာ (၃၁) ဦးဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

    ကသာမြို့ ခမရ-၃၀၉ မှထွက်လာသော ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းစစ်ကြောင်းအား EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နှင့် ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ မတ်လ (၁၅) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများကို အရှင်ဖမ်းဆီးရရှိမှုအပြင် လက်နက် (၅၄) လက်ပါ သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    PDF ပကဖနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနှင့် အထွေထွေထိုးစစ်ကြီး တစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြဖို့ ဖြစ်လိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

    တော်လှန်ရေး အစောပိုင်းကာလများတွင် တပ်တည်ဆောက်ရင်း တစ်နိုင်ငံလုးအတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးစားခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လူထုအင်အားစုစည်း၊ မဟာဗျူဟာထိုင်းစစ်ဆင်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲကာ အတွေ့အကြုံများ ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် အထွေထွေ ထိုးစစ်ကြီး ဆင်နွှဲ့ကြရန်ဖြစ်ပြီး ယင်းထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆက်သတ်ပေးလိ့မ်ဟု ယုံကြည်သည်ဟု အမှတ် (၁) စစ်ဒေသတွင် ပြုလုပ်သော တပ်မှူးသင်တန်းဆင်းပွဲတွင် ပေးပို့သော သဝဏ်လွှာတွင် ဦးရည်မွန်က ထည့်သွင်းပြောကြားထားသည်။

    (more…)

  • ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

    ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦး ထိန်းချုပ်ထားတဲ့ MRTV အသံ လွှင့် တာဝါတိုင်ကုန်း – ဗောဓိတစ်ထောင် – စခန်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=RpjmcBaFpDY[/embedyt]
  • ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

    ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် (၂၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးတင်မောင်မျိုးဖမ်းဆီးခံထားရသည့်အတွက် တပ်ရင်းမှူးရွာမှ ရွာသူ ရွာသားများက ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

    ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးအား NUG/MOD ရွှေဘိုခရိုင်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့အထိ အဆက်အသွယ်မရကြောင်း၊ ခရိုင်မှ ဆင့်ခေါ်သည့်အတွက် သွားရောက်ချိန်တွင် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်းမှူးဦး၏ ညီမဖြစ်သူထံမှ သိရသည်။

    (more…)

  • မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

    မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

    RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့ထားသည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။

    #RedNewsAgency #RedNews #RNA

  • Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

    Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

    တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=lTZ9K3qHFiQ[/embedyt]

    #RedNewsAgency #RedNews #RNA