စစ်ကိုင်းတိုင်း

ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦး ထိန်းချုပ်ထားတဲ့ MRTV အသံ လွှင့် တာဝါတိုင်ကုန်း - ဗောဓိတစ်ထောင် - စခန်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ #RedNewsAgency #AhNyar #REDNEWS #RNA
Read More
ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် (၂၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးတင်မောင်မျိုးဖမ်းဆီးခံထားရသည့်အတွက် တပ်ရင်းမှူးရွာမှ ရွာသူ ရွာသားများက ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးအား NUG/MOD ရွှေဘိုခရိုင်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့အထိ အဆက်အသွယ်မရကြောင်း၊ ခရိုင်မှ ဆင့်ခေါ်သည့်အတွက် သွားရောက်ချိန်တွင် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်းမှူးဦး၏ ညီမဖြစ်သူထံမှ သိရသည်။ (more…)
Read More
မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

မြို့ပေါ်က စစ်ကောင်စီတပ်ကို PDF ရဲဘော်များ ပိတ်ဆို့ထား

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့ထားသည်ဟု ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာက ပြောကြားထားသည်။ #RedNewsAgency #RedNews #RNA
Read More
Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

Red News Agencyမှ တင်ဆက်သော သတင်းအစီအစဉ်

တော်လှန်ရေးအောင်မြင်ဖို့ နီးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောတဲ့ သတင်း၊ မကွေးလေတပ်က စက်တပ်လေထီး (Paramortor) နဲ့ ဒေသခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့သတင်း၊ ယင်းမာပင်ခရိုင်မှာ စစ်ကြောင်းထိုးမှုတွေ မရှိသလောက်ဖြစ်နေပြီဆိုတဲ့ သတင်းနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြဝတီက ခေါ်ဆောင်သွားတဲ့ တရုတ် နိုင်ငံသား ၂၀၀ ခန့်ကိုနန်ကျင်းမြို့ရှိ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။ (more…)
Read More
စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
ဖောင်းပြင်မြို့နယ်မှာ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာများတွင် တာဝန်ခံ ရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်

ဖောင်းပြင်မြို့နယ်မှာ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာများတွင် တာဝန်ခံ ရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေးလစ်ဟာနေသော တိုက်နယ်များကို ချိတ်ဆက်ပြီး ရပ်ကျေးတာဝန်ခံများကို ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့မှ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ တာဝန်ခံရွေးချယ်မှုကို ဖောင်းပြန်မြို့နယ်တွင်းရှိ အမှတ်( ၃) တိုက်နယ်၊ အမှတ် (၄) တိုက်နယ်တို့တွင် ကျေးရွာ ၄ရွာဖြစ်ပြီး အုပ်စု တာဝန်ခံ ၁ အုပ်စုတို့ကို ဇန်နဝါရီ ၂၀ မှ ၂၂ ရက်နေ့အတွင်း ရွေးချယ်ပေးခဲ့ကြောင်း၊ ပထမကြိမ်မှာ တိုက်နယ် ၂ ကို စတင်ရွေးချယ်ခဲ့ကြောင်း၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ရွေးချယ်မှုများတွင်လည်း မှုခင်းအသိပညာပေးများ ဟောပြောမှုများပြုလုပ်ပေးခဲ့ကြောင်း နွေဦး - ဖောင်းပြင်ထံမှ သိရသည်။ (more…)
Read More
ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ (၁၆) ရက်နေ့ညပိုင်းက လေကြောင်းဗုံးကြဲခဲ့ပြီးနောက် ကနန်ကျေးရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားမှုနှင့် လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်း (ပုန်းခိုကျင်း)ကြောင့် အသက်ဘေးမှ လွတ်မြောက်သွားသူများရှိကြောင်း ကလေးနည်းပညာတက္ကသိုလ်မှ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက ပြောပြထားသည်။ (more…)
Read More
NUG စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေး လစ်ဟာနေသော ရပ်ကျေး/ အုပ်စု တာဝန်ခံများ ပြန်လည်ရွေးချယ်

NUG စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေး လစ်ဟာနေသော ရပ်ကျေး/ အုပ်စု တာဝန်ခံများ ပြန်လည်ရွေးချယ်

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ NUG စိုးမိုးနယ်မြေအတွင်းရှိ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေး/အုပ်စု တာဝန်ခံများ ဇန်နဝါရီလ (၁၇) ရက်နေ့က ပြန်လည်ရွေးချယ်ပေးခဲ့ကြောင်း နွေဦး-ဖောင်းပြင် ထံမှ သိရသည်။ ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့ နှင့်ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး နာယက၊ သက်ဆိုင်ရာတိုက်နယ်အဖွဲ့အစည်းတာဝန်ရှိသူများက ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လစ်ဟာနေသော ကျေးရွာ (၅) ရွာတွင် ရပ်ကျေးတာဝန်ခံ (၅) ဦးနှင့် အုပ်စုတာဝန်ခံ (၃) ဦးတို့ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ဖောင်းပြင်မြို့နယ် NUG စိုးမိုးနယ်မြေများတွင် လစ်ဟာနေသော ရပ်ကျေး/ အုပ်စုများ ပြန်လည်ဖွဲ့စည်းမည်

ဖောင်းပြင်မြို့နယ် NUG စိုးမိုးနယ်မြေများတွင် လစ်ဟာနေသော ရပ်ကျေး/ အုပ်စုများ ပြန်လည်ဖွဲ့စည်းမည်

RNA_ဇန်နဝါရီလ(၁၆)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တောင်ပိုင်းရှိ အုပ်ချုပ်ရေး လစ်ဟာနေသော NUG စိုးမိုးနယ်​မြေ ​​ကျေးရွာ အုပ်စုများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံအုပ်ချုပ်ရေးမှ မကြာမီ ပြည်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နွေဦး-(ဖောင်းပြင်) ထံမှ သိရသည်။   NUG စိုးမိုးနယ်မြေအတွင်းမှ လစ်ဟာနေသော ကျေးရွာအုပ်စုများကို လွန်ခဲ့သောလပတ် အစည်းအဝေးများတွင် သက်ဆိုင်ရာတိုက်နယ် တာဝန်ခံများက တင်ပြခဲ့သော်လည်း အချိန်မှီ ဖွဲ့စည်းပေးနိုင်ခြင်းမရှိသေးကြောင်း၊ ယခုလပတ် အလွှာစုံအစည်းအဝေး ထိရောက်ရှိခဲ့ပြီပြီး မကြာမီ ဖွဲ့စည်းရန် သဘောတူမှု ရရှိထားပြီဟု ၎င်းထံမှ သိရသည်။   ရပ်ကျေးနှင့်အုပ်စုများ လိုအပ်နေသော အုပ်ချုပ်ရေးကို ပြီးခဲ့သည့်လများမှာ မဖွဲ့အစည်းနိုင်သောကြောင့် စစ်ရေးဆိုင်ရာ ထောက်ပို့ကိစ္စများတွင် များစွာလစ်ဟာခဲ့ကြောင်း၊…
Read More