RNA_အောက်တိုဘာ(၈)၊ ၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ မူလတန်းကျောင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်) ညပိုင်း အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ပြည်သူ့ဆန္ဒထုတ်ဖော်နေသည့် ချောင်းဦးဒေသခံများ လေကြောင်းတိုက်ခိုက်ခံရပြီး သပိတ်ဦးဆောင်ကော်မတီမှ အမျိုးသားလူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် (၄၀) ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကလာသည့် စစ်အုပ်စု၏ Paramotor ဖြင့် ပထမ အကြမ်တွင် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသနေသည့် ည ၁၁ တွင် Paramotor ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကို စာသင်ကျောင်းပေါ်တည့်တည့် ထပ်မံ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိကြောင်း ဒေသခံ ပြည်သူများမှ ဆန္ဒဖော်ထုတ်သည့်နေရာဖြစ်သလို ဗုံးကြဲတိုက်ခိုက်ချိန်သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အတွက် ဒေသခံများနှင့် ကလေးငယ်များ ဆီမီးထွန်းဆုတောင်းရန် ပြုလုပ်နေချိန်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွေအတွင်း အသက် (၁၈) နှစ်အောက် ကလေးငယ် ၃ ဦး၊ အမျိုးသား ၁၄ ဦး ( သပိတ်ဦးဆောင်ကော်မတီမှ လူငယ်အမျိုးသား ၄ ဦးအပါအဝင် အမျိုးသား (၁၄) ဦးနှင့် အမျိုးသမီး (၂) ဦးဆို့ သေဆုံးခဲ့သည်။
ဒဏ်ရာရရှိသူများထဲတွင် အသက် (၁၈) နှစ်အောက် ကလေးငယ်၂၀ ဦးအပါအဝင် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများသည် ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်အတွင်း ကျေးရွာများမှ ပြည်သူများဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုအတွင်း ကျောင်းဆောင်နှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်စသည်တို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
အာဏာတည်မြဲရေးကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီးနှင့် ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်တွေပါမကျန် အကြမ်းဖက်ရက်စက်နေသည့် စစ်အုပ်စု၏ ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူခံရနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်လည်း အစွမ်းကုန်ကြိုးပမ်းအားထုတ်မည်ဟု ပြည်သူများကို ကတိပြုထားသည်။
အတုအယောင် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်ကော်မရှင်သည် အကြမ်ဖက်မှုများမြင့်တက်လုပ်ဆောင်နေသည့်အတွက် မြင့်တက်လာသည့် အကြမ်းဖက်မှုများကို မျက်ကွယ်ပြုပြီး အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲကို ထောက်ခံအားပေးဖို့ ကြိုးစားနေသည့် နိုင်ငံတကာနှှု့် ပြည်တွင်းပြည်ပမှ အုပ်စုများ အနေဖြင့် ဒီဖြစ်ရပ်များကို မျက်ကွယ်ပြုပြီး အကြမ်းဖက်စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုများကို ယခုထက်ပိုမိုအရှိန်မြှင့် ပြုလုပ်လာမှာဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA