အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။
 
နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers – PDF အညာဒေသ တပ်ခွဲ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA၊ People’s Revolution Alliance (PRA-Magway) တို့ရှိကြောင်း၊ Bamar People’s Liberation Army – BPLA အနေဖြင့်လည်း အညာဒေသတွင် အခြေချနိုင်ရေး ကျိုးပမ်းနေကြောင်း၊ အခြားသော MOD လက်အောက်မှာမရှိသည့် ABSDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များရှိနေကြောင်း သိရသည်။
 
#RedNewsAgency
By Editor