တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း – ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။

“စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။

ကျောက်လုံးကြီး တပ်မဟာ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ ဩဂုတ်လ ၁၀ ရက်နေ့က ကနီမြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထပ်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor