ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

#RedNewsAgency

By Editor