Tag: စခန်းသိမ်းတိုက်ပွဲ

  • စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    စစ်ကောင်စီ၏ လေးကေ့ကော်အနီး စွယ်တော်ကုန်းကို သိမ်းပိုက်နိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၁၇)၊၂၀၂၄ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီး စစ်​ကောင်စီ၏ စွယ်တော်ကုန်း (အမြောက်ကုန်း) ကို ယနေ့ (အောက်တိုဘာ ၁၇ ရက်) နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • 96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။

    96 Soldiers – PDF အနေဖြင့် တည်ထောင်ခဲ့သည့် (၃) နှစ်အတွင်း ဒီပဲယင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့ မြို့သိမ်းတိုက်ပွဲနှင့် ပျောက်ကြားတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲစသည့် တိုက်ပွဲပေါင်း (၄၇) ပွဲ မဟာမိတ်များဖြင့် ပူးပေါ်င်း ဆင်နွှဲခဲ့သည်ဟု သိရသည်။


    96 Soldiers – PDF သည် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့သည် တပ်ဖွဲ့ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းဒေသနှင့် အညာဒေသဆိုပြီး ဒေသ၂ ခုခွဲပြီး တိုက်ပွဲဝင်နေကြောင်း၊ (၃) နှစ်အတွင်း ရဲဘော် (၈) ဦးကျဆုံးခဲ့ရကြောင်း 96 Soldiers – PDF ကထုတ်ပြန်ထားသည်။

    (more…)

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ (အပိုင်း-၂)

    “ကျနော့်ဘေးက ရဲဘော်က ပွဲချင်းပြီး ကျသွားတယ်။ ခြံစည်းရိုး အတွင်းထိဖောက်ဝင်သွားတဲ့အထဲက ရဲဘော်တချို့က လေယာဉ်လာကြဲတော့ ကားအောက်ကို ဝင်ဝပ်လိုက်ကြတယ်။ အဲ့မှာ ထောင်ထားတဲ့ မိုင်းထိပြီး ဒဏ်ရာအပြင်းထန်ရကုန်ကြတယ် ကျနော်အပါဝင် ၅ ယောက်ပေါ့။ ငါ့ ခါးပြတ်သွားပြီ ငါတော့သေတော့မယ်လို့ အတွေးများနေတုန်း”
    ****************************

    Ernesto Ba Chan

    တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းကစလို့ တရက်မပြတ် အသားဟင်းကို အမျိုးစားမထပ်အောင် ‌စားခဲ့ရတယ်။ ရိက္ခာပို့ပေးတဲ့ အရပ်သားလူငယ်တွေဟာ ကျနော်တို့ ပစ်နေတဲ့ ဧရိယာထဲအထိ ရိက္ခာထုပ်ထမ်းပို့ပေးတယ်၊ ကျည်တွေဗုံးတွေကြားလူနာတွေ DB တွေလာထမ်းကြတယ်၊ ချက်ပြုတ်တဲ့လူတွေက ချက်ပြုတ် ထောက်ပံ့တဲ့ လူထောက်ပံ့ ပို့ဆောင်သူပို့ဆောင်နဲ့
    တကယ်ကို နိုင်ရာနေရာကနေ အစွမ်းကုန်ပါဝင်ကြတာပါပဲ။

    တစ်ကိုယ်စာ ကတုပ်ကျင်းထဲမှာ ဆေးလိပ်ရှိတယ် ဖက်ကြမ်းရော အဖြူရော၊ လစ်ပိုကဒ်ရှိမယ် ကွမ်းယာထုပ်ရှိမယ်၊ တခြားစားစရာတွေရှိမယ် ပစ်တာက တစ်ရက်လုံး တညလုံးပါပဲ နားလိုက် ပစ်လိုက်ပေါ့။

    မနက်မိုးလင်းတာနဲ့ ရေသန့်နဲ့ မျက်နှာသစ်တယ် ရေသန့်ဗူးဆိုတာ ကဒ်လိုက် ကဒ်လိုက် ပြီးတာနဲ့ ပစ်ကြတာပါပဲ မောတဲ့လူက နောက်ပြန်ဆုတ် ဆေးလိပ်လေးဘာလေးသောက် စကားလေးဘာလေးပြော လေယာဉ်လာကြဲရင် ဝပ်ကြပေါ့။ ကျနော်တို့ဆို စခန်းထဲကို လစ်ပိုဗူးတွေနဲ့ ကောက်ထုပြီး သောက်ဖူးလား ခွေးတွေဆိုပြီး အော်ပေးကြတာ။

    (more…)

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    “ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ”

    တာမခန် ၁၂ ရက် (အပိုင်း – ၁)

    ၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။

    ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။

    “အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်” မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။

    အတော်လေးကြာတဲ့အချိန်ကျမှ “ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ” ဆိုတဲ့သတင်းရောက်လာတယ်။ အဲ့နောက်မှ တပ်ပေါင်းစု စစ်ကြောင်းက ဆက်လက်ချီတက်ခဲ့တယ်။ ရန်သူက ပြင်ဆင်ပြီးစောင့်နေလောက်ရောပေါ့။

    (more…)

  • သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

    သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အပြီးသတ်ချေမှုန်းပြီးနောက် စက်တင်ဘာလ (၅) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    (more…)

  • တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

    တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ

    RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။
     
    တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    (more…)

  • သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

    သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

    RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။
     
    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။

    (more…)

  • ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

    ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

    RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။
     
    ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့ (၂) လက်၊ 79 ( ၁) လက်၊ 60 MM (၁) လက်၊ ဂျန်ပါစက်(၁) လုံး နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု မြိုင် ပကဖ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
     
    ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။

    (more…)

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

    RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
     
    လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။
     
    “PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ညီညွတ် စည်းလုံးသော အမိန့်နာခံမှုကောင်းသော တပ်ပေါင်းစုအင်အားဖြင့် သမိုင်းဝင် တိုက်ခိုက်သိမ်းပိုက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူလူထုသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်” ဟု PLA က ပြောကြားထားသည်။

    (more…)