၁၀၂၇ စစ်ဆင်ရေး

စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

စစ်ကောင်စီတပ်စခန်းများကို ရှင်းလင်းပြီးနောက် ချုံကန်ဒေသနှင့် မော်ထိုက်ဒေသကို MNDAA ပြန်လည်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသရှိ ချုံကန်နှင့် မော်ထိုက်ဒေသတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းပြီးနောက် MNDAA ကပြန်လည်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးကိစ္စများ လုပ်ဆောင်နေကြောင်း သိရသည်။ ကိုးကန့်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေရသည့် ဒေသများသည် ယခင် MNDAA စိုးမိုးနယ်မြေများဖြစ်ကြောင်း၊ ယခု ပြန်လည်သိမ်းပိုက်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်စဉ် ဒေသခံလူထုသည် MNDAA တပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာဆိုကြိုကြသည်ဟု ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

စစ်သုံ့ပန်းများ ဖမ်းဆီးထားသည့် ရဲစခန်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၃ ခုနှစ်။ နောင်ချိုုမြို့နယ် ဒိုပင်ရဲစခန်းတွင် စစ်သုံ့ပန်းများကို PSLF/TNLA+ MDY တို့က ထိန်းသိမ်းထားစဉ် စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံကြဲခဲ့သည့်အတွက် စစ်သုံ့ပန်း ၄ ဦးသေပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။   ဒိုအင်ရဲစခန်းကို PSLF/TNLA+ MDY ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီ ဒလန်များနှင့် စစ်သုံးပန့်များကို ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ပေါင်(၅၀၀)ဗုံးသည် ဒိုပင်ရဲစခန်းအပေါ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။ ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ်…
Read More
ပြည်သူ့ကျိန်စာမိသွားလေသော စစ်ကောင်စီတပ်

ပြည်သူ့ကျိန်စာမိသွားလေသော စစ်ကောင်စီတပ်

"ကွမ်းလုံရက်လေးဆယ်တိုက်ပွဲဟာ ၁၉၇၁ ခုနစ်က ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ စစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲမှာ စစ်တပ်ဟာအနိုင်ရရှိခဲ့ပါတယ်။ ထိုအနိုင်ရရှိမှုကိုပဲ စစ်တပ်ဟာ အမြဲတစေ ထုတ်ဖော်ပြောကြားလေ့ရှိပြီး မြန်မာစစ်တပ်က မလုပ်နိုင်တာဘာမှမရှိကြောင်းနဲ့ ရှမ်းမြောက်တခွင်ဟာ စစ်တပ်ရဲ့အောင်မြေဖြစ်ကြောင်း အမြဲပြောလေ့ရှိပါတယ်" ချမ်းမင်း ဒီရက်ပိုင်း တော်လှန်ရေးနဲ့ပတ်သတ်တဲ့ သတင်းကောင်းတွေအတော်များများ လှုပ်လှုပ်ခတ်ခတ်နဲ့ social media ပေါ်မှာ တွေ့လာရပါတယ်။ မြောက်ပိုင်းစစ်ဒေသက အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေအကြောင်းတွေ့ရသလို အညာမြေစစ်ကိုင်းဘက်က တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်ပွဲတွေအကြောင်းလည်းကြားလာရပါတယ်။ နောက်တခုက စစ်တပ်ရဲ့ နိုင်ငံခြားငွေအဓိကအားကိုးရာ MOGE ကိုလည်း အမေရိကန်က ထပ်တိုးပြစ်ဒဏ်တွေချမှတ်ပြီး စစ်တပ်ကို ပိုမိုအားနည်းအောင်ဆောင်ရွက်လာနိုင်တာကိုလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့နွေဦးတော်လှန်ရေးဟာ အစောပိုင်းကာလတုန်းက ဆုံးရှုံးမှုတွေပေးဆပ်မှုတွေများစွာနဲ့ ထိရောက်တဲ့အောင်မြင်မှုတွေမရခဲ့ဘူးဆိုပေမဲ့ ယခုအချိန်မှာတော့ စစ်ကောင်စီကို…
Read More
ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။   ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကွမ်းလုံမြို့အား နယ်မြေရှင်းလင်းရေးလုပ်ပြီး အပြီးအပိုင််သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ကွမ်းလုံမြို့ သံလွင်မြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူးဟာကုန်းများကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ သံချပ်ကာကား၊ တင့်ကားအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း သိရသည်။ #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်သပြေလှုပ်ရှားမှု ဆန္ဒပြပွဲကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် မှော်လည့်သပိတ်အင်အားစုများက ချီတက်လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency
Read More
စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

စစ်အာဏာရှင်တွေ အတွက် အသက်ပေးရတာ တန်လို့လား

"စစ်တပ်ကရင် ဆိုင်နေရတဲ့စစ်မျက်နှာဆိုတာက သူတို့ တကြိမ်မှမကြုံဖူးတဲ့ နိုင်ငံအနှံ့စစ်မျက်နှာတွေ၊ နည်းပညာမြင့် ဒရုန်းစစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အကြပ်ရိုက်နေတဲ့အခြေအနေ" မောင်ဝိ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှာရှိတဲ့ ရဲစခန်းသိမ်းတိုက်ပွဲက လေယာဥ်ပစ်ကူတောင်းခဲ့တဲ့ ရုပ်သံကို အားလုံးပဲ တွေ့ပြီးကြမယ် ထင်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေက ရဲစခန်းကို ဝင်သိမ်းတဲ့အချိန် တိုက်ပွဲကြားထဲမှာပဲ ရဲမှူး လှိုင်မင်းသိန်းဆီကို ဒုရဲအုပ် အေးမင်းစိုးက တိုက်ပွဲ အခြေအနေ အဆင့်ဆင့် သတင်းပို့နေခဲ့တာပါ။ တိုက်ပွဲစဖြစ်ချိန်က အခြေအနေကို ထိန်းနိုင်သေးတယ်ဆိုပေမယ့်၊ တိုက်ပွဲကြာလာတဲ့ အချိန်အကျအဆုံးများလာတဲ့အတွက် အဘဆိုသူ (ရဲမှူးလှိုင်မင်းသိန်း)ကို လေယာဥ်ပစ်ကူပေးဖို့ တဖွဖွ ဖုန်းထဲကနေပြောခဲ့တယ်။ တကယ့်လက်တွေ့မှာက ရဲစခန်းသာကျသွားတယ်၊ လေယာဥ်စစ်ကူဆိုတာက ရောက်မလာခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းရွာရဲစခန်းကို ဝင်စီးနင်းတဲ့အချိန်…
Read More
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေးပစ်မှတ်ထားထဲက တစ်ခုဖြစ်သည့် လောက်ကိုင်မြို့သိမ်းနိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်နေကြော်င်း “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊ ယမန်နေ့က "ကွမ်းလုံမြို့" အား သိမ်းပိုက်ရရှိသော်လည်း ကစဥ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီလက်အောက်ခံများကို လိုက်လံရှင်းလင်းနေရပြီး "ကွမ်းလုံမြို့" အား အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ (more…)
Read More
ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆေင်ရေးများကိုလည်း တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA + TNLA + AA တို့က ကြေညာထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် (၁၁၀၇ စစ်ဆင်ရေး) ဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်ပါ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးများဆင်နွှဲမည်ဖြစ်သည်။ (more…)
Read More
ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

ငါမသေ ငါ့စခန်းမကျစေရဆိုတာ ရှေ့တန်းရောက် စစ်သားတွေ အတွက်တော့

"တပ်စွဲထားတဲ့ တပ်စခန်းတွေအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာပါ။ "အစွမ်းအစရှိရင် တမြို့လောက်သိမ်းပြပါလား” ဆိုပြီး လေကျယ်နေတဲ့ စစ်တပ်ထောက်ခံသူတွေကို လက်တွေ့ သိမ်းပြသွားခဲ့တာ" မောင်ဝိ စစ်တပ်အတွင်းမှာ ချမှတ်ထားတဲ့ မူဝါဒ အတော်များများက လိုက်နာနိုင်ရင် အတော်ကောင်းမယ်လို့ ဆိုရပါမယ်။ စစ်တပ်ဝန်းအတွင်း ဝင်လိုက်တာနဲ့ မူဝါဒ ဆိုင်းဘုတ် အသီးသီးကို တွေ့နိုင်ပါတယ်။ "တပ်နေပျော်၍ စစ်တိုက်တော်ရမည်"၊ "ငါမသေငါ့စခန်းမကျစေရ" စသဖြင့်ပေါ့။ ဒါတွေဟာ လူမြင်ကောင်းအောင်လုပ်ထားတဲ့ ဆိုင်းဘုတ် တခုပဲ အဖြစ်သာ မြင်တွေ့ရတော့မှာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး၊အောက်တိုဘာလ ၂၇ ရက်နေ့စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာဆိုရင် လက်ရှိ စစ်တပ်တွင်းက စစ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို ပိုပြီး မြင်သာစေနိုင်ပါတယ်။…
Read More